ဗီယက်နမ်ဝန်ကြီးချုပ်ကတရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌနှင့်တွေ့ဆုံ

0
32

ဟနွိုင်း၊အောက်တိုဘာ ၂၆

ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာဖန်မင်ချင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဂျန်ယော်ရှာအား လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

တရုတ်နှင့်ဗီယက်နမ်အကြား မဟာဗျူဟာမြောက်အရေးပါသည့် အသိုက်အဝန်းကိုတည်ဆောက်ရန်ရည်ရွယ်လျက်လာရောက်သည့် တရုတ်အရာရှိ၏ ဗီယက်နမ်ခရီးစဉ်ကို ဗီယက်နမ်အစိုးရခေါင်းဆောင်ကကြိုဆိုခဲ့ကြောင်းလည်းသိရသည်။

ဗီယက်နမ်ဝန်ကြီးချုပ်က တရုတ်၏ ၇၅ ကြိမ်မြောက် အမျိုးသားနေ့အတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး တရုတ်သည် လူမှုစီးပွားဖွံ့ဖြိုးမှုတွင် မယုံနိုင်စရာပြောင်းလဲခဲ့သလို အမြော်အမြင်ရှိသည့် မစ္စတာရှီနှင့်ကျန်အစိုးရခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ယခုထက်ပိုတိုးတက်လာနိုင်သည်မှာ အမှန်ပင်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။

တရုတ်နှင့်ဗီယက်နမ်ဆက်ဆံရေးသည် ဗီယက်နမ်အတွက် ဧကန်လိုအပ်သည့်အရာဖြစ်ပြီး မဟာဗျူဟာကျ‌သောရွေးချယ်မှုနှင့် ဦးစားပေးလုပ်ဆောင်စရာတစ်ခုဖြစ်သည်ဟုလည်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

မစ္စတာဂျန်ကမူ ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ၏ ဦးဆောင်မှုအောက်တွင် ဗီယက်နမ်၏ပြန်လည်ဆန်းသစ်ရေးလုပ်ငန်းစဉ်နှင့် ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးကြိုးပမ်းမှုများသည် ပိုမိုအောင်မြင်မှုများရရှိလိမ့်မည်ဟုယုံကြည်ကြောင်းလည်းပြောကြားခဲ့သည်။

ယင်း‌နောက် လက်ရှိအခြေအနေအရ နှစ်နိုင်ငံကြား အထူးချစ်ကြည်ရင်းနှီးမှုလိုအပ်ကာ ကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်သည် နှစ်ဘက်ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊တပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုနှင့်ဖလှယ်ရေးကို ခိုင်မာလာစေရန်အတွက်ရည်ရွယ်ကြောင်းဆိုခဲ့သည်။

Source : ဗီယက်နမ်ပလပ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here