မြန်မာနိုင်ငံ၏ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာမိတ်ဖက်များအား ဖိတ်ခေါ်

0
22

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက တရုတ်နိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမစွမ်းအင်ဝန်ကြီးများ ကွန်ဖရင့် ဒုတိယနေ့ (အောက်တိုဘာ ၂၄ ရက်) ၏” Smart Energy Sub Forum”၌ မြန်မာနိုင်ငံ၏ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာမိတ်ဖက်များအား ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသည့် စီမံကိန်းများအပြင် စီမံကိန်းအသစ်များကိုလည်း Green Growth Models နှင့် ESS တို့ အသုံးပြု၍ တည်ဆောက်နိုင်မည့် အခွင့်အလမ်းများစွာ ရှိနေသည်ဟု ဆိုသည်။

ထိုအခွင့်အလမ်းများကြောင့် အစိမ်းရောင်စွမ်းအင်သုံးစွဲသည့် မြန်မာနိုင်ငံ (Myanmar Green) မှတစ်ဆင့် အစိမ်းရောင်စွမ်းအင်သုံးစွဲသော အာရှ (Asia Green) အဖြစ်သို့ ပါဝင်ပံ့ပိုးနိုင်မည်ဖြစ်သဖြင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် United Nations Framework Convention on Climate Change (UNFCCC) နှင့် ပါရီသဘောတူညီချက်တို့နှင့်အညီ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အစီအစဉ် (NDC) ကို ၂၀၂၁ ခုနှစ် သြဂုတ်လမှ စတင်အကောင်အထည်ဖော်လျက်ရှိသည်ဟု လည်း ပြောသည်။

ထို့အပြင် ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးတွင် BREP အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ NDC ပါ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၁၀၅ သန်းကျော် လျှော့ချနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း၌ ယူနန်ပြည်နယ်ရှိ ၈၀၀ ကေဗွီ DC Converter ဓာတ်အားခွဲရုံ၊ ချင်းတောင်မြို့ရှိ Huadin Qingdao Gas Turbine Engineering Project နှင့် TELD EV Charging Network Center တို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here