ထိုင်ဝမ်တပ်မတော်က ညအချိန်စစ်ရေးလေ့ကျင့်မှုပြုလုပ်

0
23

တိုင်ပေ၊အောက်တိုဘာ ၂၅

ထိုင်ဝမ်တပ်မတော်၊ပန်ဂူဒေသရှိ ကာကွယ်ရေးဌာနချုပ်က ပြည်မတပ်မတော်သည် အချိန်မရွေးဝင်ရောက်စီးနင်းနိုင်ခြေရှိသဖြင့် ကျင့်သားရစေရန်အတွက် ပထမဆုံးအကြိမ်အနေဖြင့် ညအချိန်စစ်ရေးလေ့ကျင့်မှုတစ်ခုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ကြာသပတေးနေ့ညနေပိုင်းတွင် ထိုင်ဝမ်ကျွန်း၏တောင်ဘက်ရှိ ပန်ဂူကောင်တီမှ Wude ဧရိယာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

မီဒီယာများကိုပါ ဖိတ်ကြားထားသည့် အဆိုပါစစ်ရေး လေ့ကျင့်မှုတွင် ဝေဟင်၊ရေပြင်နှင့် မြေပြင်များအတွက် အမှောင်ထဲတွင် သရုပ်ဖော်လေ့ကျင့်မှုများပါဝင်သည်ဟုလည်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

မြေပြင်စစ်ရေးလေ့ကျင့်မှုတွင် CM-21 သံချပ်ကာယာဉ်များနှင့် M60A3 တင့်ကားများဖြင့် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်သည်များနှင့်တပ်ဖြန့်ထားကာ စစ်သားများကို အမှောင်ထဲတွင် ကြည်လင်ပြတ်သားစွာမြင်နိုင်ရန် ညသုံးကိရိယာများကိုလည်း တပ်ဆင်ထားပေးသည်ဟုသိရသည်။

ဒရုန်းများဖြင့် ဝေဟင်မှ ပိုင်နက်ကျူးကျော်လာနိုင်ခြေရှိသည့်အတွက်ထိုင်ဝမ်လေပိုင်နက်ကို ညမီးကျည်များအသုံးပြုကာ အလင်းရောင်ရရှိစေဖို့လေ့ကျင့်ခဲ့သည်ဟုလည်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here