ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး လေကြောင်းခရီးစဉ်ကို ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြေးဆွဲခြင်းဖြစ်

0
21

ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး လေကြောင်းခရီးစဉ်ကို ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြေးဆွဲခြင်းဖြစ်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဖြိုးဇော်စိုးက ပြောသည်။

မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရုရှားနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် ယမန်နေ့ အောက်တိုဘာ ၂၆ ရက်ညနေပိုင်းက ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဓိကခရီးစဉ်ဒေသများကြား အချိန်တိုတိုအတွင်း သွားရောက်လည်ပတ်နိုင်စေရန်၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့် ချိတ်ဆက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး အသွားအပြန်လေကြောင်းခရီးစဉ်ကို အောက်တိုဘာ ၁၃ ရက်မှစတင်၍ ပျံသန်းပြေးဆွဲလျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် နိုင်ငံတော်မှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ရုရှားခရီးသွားဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့် တစ်နှစ်ထပ်မံခွင့်ပြုပေးခဲ့ပြီးဖြစ်၍ ရုရှားခရီးသွားများပိုမိုလာရောက်လည်ပတ်စေရန် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုသည်ဟု ပြောသည်။

ထို့အတူ မြန်မာ-ရုရှား နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖလှယ်ရေးခရီးလမ်းကြောင်းရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဟိုတယ်ခရီး ဒု-ဝန်ကြီးကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here