ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ၏ မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၅)ခုအပါအဝင် ဆုတံဆိပ် (၈)ခုရရှိခဲ့

0
3

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းသည် ရွှေတံဆိပ်(၅)ခုအပါအဝင် ဆုတံဆိပ်(၈)ခုရရှိခဲ့ကြောင်း သိရသည်။

မြန်မာလှေလှော်အဖွဲ့သည် ယနေ့ အောက်တိုဘာ ၂၇ ရက်ကယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများဖြစ်သော မီတာ ၅၀၀ အမျိုးသား+အမျိုးသမီး(၁၀)တက်လှော်တွင် ပထမဆု(ရွှေတံဆိပ်)၊ မီတာ ၂၀၀၀ အမျိုးသား(၁၀)တက်လှော်တွင် ပထမ‌ဆု(ရွှေတံဆိပ်)၊ မီတာ၂၀၀ အမျိုးသား(၁၀)တက်လှော်တွင် ဒုတိယဆု(ငွေတံဆိပ်)တို့ ထပ်မံဆွတ်ခူးခဲ့ကြောင်း သိရသည်။

ထို့ပြင် မီတာ၂၀၀၀ အမျိုးသား+အမျိုးသမီး (၁၀)တက်လှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းမှ စတုတ္ထဆုဆွတ်ခူးခဲ့သဖြင့် ယခင်နေ့ ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်ဆုနှင့်ငွေတံဆိပ်ဆုများဆွတ်ခူးနိုင်ခဲ့သဖြင့် ဆုတံဆိပ်ပေါင်း(၈)ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာလှေလှော်အသင်းသည် ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ၌ ပြိုင်ပွဲအမျိုးအစား(၈)မျိုးကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအား အိမ်ရှင်တရုတ်အသင်းများ၊ ဥရောပအသင်းများ၊ အာရှအသင်းများနှင့် အာဆီယံနိုင်ငံများမှအသင်းပေါင်း(၁၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here