ခင်ဝင့်ဝါ ရဲ့ ဘာသာရေးအသိ၊ ဘာသာရေးအမြင်

0
312

14563484_1134624596617947_6425765851819026260_n

သရုပ်ဆောင် အလှမယ်တစ်ဦး ဖြစ်တဲ့ ခင်ဝင့်ဝါက လူငယ်တစ်ဦး ဖြစ်ပေ မယ့် ဘာသာရေးကိုင်းရှိုင်းသူ တစ်ဦးဖြစ်ပါ တယ်။ အနုပညာ အလုပ်တွေ တစ်ဖက်က လုပ်နေပေမယ့်လည်း ရိပ်သာမကြာခဏဝင်လေ့ ရှိပြီး ဘာသာရေး အမြဲလုပ်လေ့ရှိသူပါ။ ဒါကြောင့်သူ့ရဲ့ ဘာသာတရားအပေါ် ယုံကြည်သက်ဝင်ပုံ၊ နေ့စဉ်ပြုလုပ်လေ့ရှိတဲ့ ဘာသာရေး များနဲ့ ဘာသာတရားအပေါ် သူ့ရဲ့ ခံယူချက်များကို ပေါ်ပြူလာပရိသတ်တွေ သိရှိစေဖို့ မေးမြန်းတင်ဆက် လိုက်ပါတယ်။

►ရိပ်သာဝင်ပြီး ဘာသာရေးလုပ်
ညီမ ငယ်ငယ်လေးကတည်းက ယဉ်ကျေးလိမ္မာသင်တန်းတွေ တက်တယ်။ ဘာသာရေးလုပ်ရတာ ပျော်တယ်။ စိတ်လည်း ကြည်တယ်။ အေးလည်း အေးချမ်းတယ်။ သာမန် ကိုယ့်အလုပ်ထဲမှာ ဘာသာရေးလုပ် ရတာနဲ့ ရိပ်သာဝင်ရတာနဲ့ မတူဘူး။ ရိပ်သာဝင်ရင် အလုပ်ကိစ္စတွေ ဘာမှ ခေါင်းထဲမရှိတော့ဘဲ ဘုရား တရား အေးအေးဆေးဆေးလုပ်ဖြစ်တယ်။ ဘုရားရိပ်၊ တရားရိပ်မှာ ဆရာတော် ပေးတဲ့ တရားတွေနာပြီး ဘာသာရေး လုပ်ရတာ အေးချမ်း တယ်လို့ ခံစားရ တယ်။ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ ရိပ်သာသိပ် မဝင်ဖြစ်ဘူး။ နောက်လ တွေရိပ်သာဝင်ဖို့စဉ်းစားထားပါ တယ်။

►ပဋ္ဌာန်း အဓိဋ္ဌာန်ဝင်
ညီမ အမြဲတမ်း ပဋ္ဌာန်းအဓိဋ္ဌာန် ဝင်တယ်။ တစ်ပတ်ကို တစ်ခေါက် တော့ ရွှေတိဂုံဘုရားရောက်အောင် တက်ဖူးပြီးတော့ ပဋ္ဌာန်းရွတ်တယ်။ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့။ ဓမ္မစကြာ ရွတ်တယ်။ ပဋ္ဌာန်းရွတ်တယ်။ မေတ္တသုတ်ရွတ်တယ်။ ဂုဏ်တော် တွေ အမြဲတမ်းပွားတယ်။

►အန္တရာယ်တွေများလာတော့ ဘာသာရေးနဲ့ ကာကွယ်စေချင်
အဓိကကတော့ ဘာ သာရေးလုပ်စေ ချင်ပါ တယ်။ ညီမတို့ ငယ်ငယ် တုန်းက ယဉ်ကျေးလိမ္မာ သင်တန်းတွေ တအား ပေါ တယ်လေ။ အရင်တုန်းက ‘ယဉ်ကျေးလိမ္မာ’ ဆိုတာ ဘာမှန်းမသိခဲ့ဘူး။ လက်ဆောင်တွေပေးတယ်၊ မုန့်တွေ ကျွေး တယ်ဆိုပြီး သွား တက်ကြတယ်။ ဒီသင်တန်းတက်ရင်းနဲ့ ဗုဒ္ဓဝင်တွေ လည်း သိလာရတယ်။ ကိုယ်ကိုးကွယ် တဲ့ ဘုရားအကြောင်း တွေ သိရတော့ နောက်လူတွေကို ပြန်ပြောပြလို့ရ တယ်။ ကိုယ်ကိုး ကွယ်တဲ့ ဘာသာ အကြောင်းကို ပြောပြရတဲ့အတွက် ပိုပြီးတော့ အရသာလည်းရှိတယ်။ ပီတိလည်း ဖြစ်တယ်။ အခုဆိုလည်း ဓမ္မ စကူးလ်တွေရှိတော့ အခုခေတ် ကလေးတွေကိုလည်း သွားတက်စေ ချင်တယ်။ ကိုယ်ကိုးကွယ်တဲ့ ဘာသာ အကြောင်းကို အနည်းအကျဉ်း လောက်တော့ သိသင့်တယ်လို့ ညီမ ထင်တယ်။ ဘုရားမရှိခိုးဖြစ်ရင် တောင်မှ ဂုဏ်တော်တွေ အမြဲပွား သင့်ပါတယ်။ သရဏဂုံပွားတာပဲ ဖြစ်ဖြစ်၊ ဂုဏ်တော်ပွားတာပဲဖြစ်ဖြစ် လုပ်စေချင်တယ်။ ကိုယ့်အတွက် လည်း အပန်းမကြီးဘူး။ အန္တရာယ် လည်းကင်းတယ်။ အခုဆိုရင် လူသတ်မှုတွေများလာတယ်။ အန္တရာယ် တွေ နည်းနည်းများလာ တယ်လို့ ညီမ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ်ဘုရား၊ တရားလေးနဲ့ ကာကွယ်တာမျိုး လုပ်စေချင်ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here