ဂါဇာ၌ နှစ်ရက်တာအပစ်အခတ်ရပ်စဲရန် အီဂျစ်တောင်းဆို

0
22

ကိုင်ရို၊အောက်တိုဘာ ၂၈

အစ္စရေးရှိ ပါလက်စတိုင်းအကျဉ်းသားအချို့နှင့် အစ္စရေးဓ-ါးစာခံလေးဦးကို လဲလှယ်ရန်ဂါဇာကမ်းမြောင်ဒေသ၌ နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ကို အီဂျစ်နိုင်ငံကအဆိုပြုခဲ့ကြောင်း အီဂျစ်သမ္မတကပြောကြားခဲ့သည်။

အပစ်အခတ်အပြည့်အဝရပ်စဲရေးနှင့် ဂါဇာကမ်းမြောင်သို့ အကူအညီများ လုံခြုံစွာပေးပို့နိုင်ရန် စေ့စပ်ညှိနှိုင်းမှုများကို ၁၀ ရက်အတွင်း စတင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ဆက်လက်၍ အီဂျစ်သမ္မတက ဂါဇာကမ်းမြောင်ပြင်ပသို့ ပါလက်စတိုင်းပြည်သူများကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်းကို လက်မခံဘဲပယ်ချခဲ့ပြီး ဂါဇာကမ်းမြောင်မှပါလက်စတိုင်းပြည်သူများသည် ငတ်မွတ်ခေါင်းပါးမှုများဖြစ်လာနိုင်သည့် ပြင်းထန်သောဝိုင်းပတ်ပိတ်ဆို့မှုဒဏ်ကို ခံနေရသည်ဟုလည်း သတိပေးစကားပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးတောင်ပိုင်းနယ်စပ်ကိုဖြတ်၍ ဟားမတ်စ်တို့ကတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁,၂၀၀ ‌ေ-သဆုံးခဲ့ရပြီး ၂၅၀ ခန့်ကို ဓ-ါးစာခံအဖြစ် ဖမ်းထားသဖြင့်လက်တုန့်ပြန်ရန် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here