စည်းကမ်းမဲ့ YBS ယာဉ်မောင်းများကို စက်မှတ်တမ်းများဖြင့်အရေးယူ ဆောင်ရွက်နေ

0
24

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS စည်းကမ်းမဲ့ယာဉ်မောင်းများအား Traffic Control Center မှ Telematics စက်များ၊ CCTV record မှတ်တမ်းများဖြင့် အရေးယူဆောင်ရွက်နေကြောင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။

အရေးယူမှုများတွင် ကားအချင်းချင်း ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ ဘေးတံခါးဖွင့်၍ မောင်းနှင်ခြင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းနှင်ခြင်း စသည်တို့ကို အဓိကထား အရေးယူနေသည်ဟုလည်း သိရသည်။

ယင်းကဲ့သို့မောင်းနှင်မှုများကြောင့်လည်း ယာဉ်မတော်တဆမှုများ ပိုမိုဖြစ်ပွါးမှုကို ကာကွယ်နိုင်ရန် စောင့်ကြည့်အရေး ယူနေခြင်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၌ YBS ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ (၁၂၇) ဦး၊ ‌ေ-သဆုံးသူ (၃၅) ဦးအထိရှိခဲ့သည်။

ထို့ပြင် ယခုနှစ် (၈)လတာအတွင်း မဆင်မခြင်မောင်းနှင်ကာ စည်းကမ်းဖောက်ပျက်မှု (၄၀၀၀၀)ကျော်ရှိနေကာ အများအားဖြင့် ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု၊ မီးနီဖြတ်မောင်းနှင်မှု၊ ဘေးတံခါးဖွင့်မောင်းနှင်မှုနှင့် သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှုများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင်း၌ နေ့စဉ်ဘတ်စ်ကားယာဉ်လိုင်း (၁၃၁) လိုင်း၊ ယာဉ်အစီးရေ (၃၈၀၀) ခန့်ဖြင့်ခရီးသည် (၁.၄) သန်းခန့်ကို ဝန်ဆောင်မှုပေးလျက်ရှိနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here