လားရှိုးမြို့တွင် စားသောက်ရေးခက်ခဲနေသည့် ဒေသခံအိမ်ထောင်စု (၉၀၀) ကျော်အတွက် စားနပ်ရိက္ခာများထောက်ပံ့ကူညီမည်

0
25

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့တွင် စားသောက်ရေးခက်ခဲနေသည့် ဒေသခံ အိမ်ထောင်စု ၉၅၀ စု အတွက် ဆန်အပါအဝင် အခြားစားသုံးကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းသွားရန်ရှိကြောင်း လားရှိုးအခြေစိုက် Freedom Youth Organization (FYO)ထံမှသိရသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းမှုသည့် (၄) ကြိမ်မြောက်ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း လှူဒါန်းနိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့အခြေစိုက် Freedom Youth Organization (FYO)သည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်ခြင်းမရှိဘဲ ဒေသတွင်း သီးခြားရပ်တည်၍ အ လှူရှင်များ လှူဒါန်းမှုဖြင့် ထောက်ပံ့နေခြင်းဖြစ်သလို ကူညီကယ်ဆယ်ရေးများကိုလည်း လုပ်ဆောင်ပေးနေသည့် ဒေသတွင်း တစ်ခုတည်းသော လူမှုကူညီရေးအဖွဲ့တစ်ဦးဖြစ်ကြောင်း သိရသည်။

“(၄)ကြိမ်မြောက်ဆန်လှူဒါန်းရန် ခက်ခဲသော အိမ်ထောင်စု (၉၅၀)စာအတွက် FYO ပြင်ဆင်နေပါပြီ။အဖက်ဖက်မှကူညီပေးပါသောအလှူရှင်များနှင့် TWO ကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟု ၎င်းတို့၏ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားမျှဝေထားသည်။

လားရှိုးမြို့ ရှိ ဒေသခံ ပြည်သူများအား FYO မှ လှူဒါန်းရာ တွင် ယခု အောက်တိုဘာ (၁၀) ရက်နေ့အတွင်း တစ်ကြိမ်၊ စက်တင်ဘာလ (၁၇)ရက်တွင် တစ်ကြိမ်၊ ဩဂုတ်လ(၂၇) ရက်တွင် တစ်ကြိမ် စုစုပေါင်း အိမ်ထောင်စု (၃၆၀၀) ကျော်ကို လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here