မန္တလေးသို့ဘုရားဖူးရန်လာသည့်အောင်ပန်း – ဟံမြင့်မိုရ် လမ်းပိုင်းတွင် ဖြစ်ပွားသည့် ဘုရားဖူးကား ချောက်ထဲကျမှုတွင် (၇) ဦး အသက်ဆုံးရှုံး

0
38

ရွာငံ-ဟံမြင့်မိုရ်သွားကားလမ်း၏ စခန်းကြီးအတက်ရှိ (၃၅၀)ပေခန့်နက်သည့်ချောက်ထဲသို့ ဝိဇ္ဇာမဂ္ဂင်ဘိုးဘွားဓမ္မရိပ်သာတံဆိပ်ပါ မီနီဘတ်စ်ကားကျမှုတွင် (၇)ဦး‌ေ-သဆုံးပြီး (၁၇)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာ ၂၈ ရက်မွန်းလွဲ ၂ နာရီကျော်ခန့်က ရန်ကုန်မြို့မှ ဝိဇ္ဇာမဂ္ဂင်ဘိုးဘွားဓမ္မရိပ်သာတံဆိပ်ပါ မီနီဘတ်စ်ကားသည် ဟဲဟိုးမြို့တွင်ကထိန်ခင်းပြီးနောက် မန္တလေးမြို့သို့ဘုရားဖူးရန် ရွာငံ-ဟံမြင့်မိုရ်လမ်းအတိုင်းမောင်းနှင်လာစဉ် စခန်းကြီးအတက်အနီးအရောက် ချောက်ထဲသို့ကျသွားခဲ့ကြောင်း သိရသည်။

” ပထမအမြင်တိုင်းတာချက်အရ ပေ ၂၀၀ လောက်နက်တယ်လို့ ကနဦးသတ်မှတ်ခဲ့တယ်။ နောက် သေချာတိုင်းတာလိုက်တော့ ချောက်အနက်က ပေ ၃၅၀ ရှိတယ်။ ရန်ကုန်မြို့ကနေ ဟဲဟိုးမှာကထိန်ခင်းပြီး မန္တလေးမှာဘုရားဖူးဖို့လာတဲ့ကားပါ။ ကားပေါ်မှာက ၂၈ ယောက်လိုက်လာပါတယ်”ဟု ကယ်ဆယ်ရေးပြုလုပ်ရာတွင်ပါဝင်သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီနီဘတ်စ်ကားချောက်ထဲကျမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် (၇)ဦးမှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား၊ အမျိုးသမီး(၁၇)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)နှင့်မိတ်ဖက်အသင်းများပူးပေါင်း၍ ‌ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများနှင့်ထိခိုက်ဒဏ်ရာရသူများကို ချောက်အတွင်းမှကူညီသယ်ထုတ်ကာ ဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here