ပေကျင်း၊အောက်တိုဘာ ၂၉
တရုတ်သမ္မတရှီကျင့်ဖျင်သည် ဖင်လန်သမ္မတ အလက်ဇန်းဒါးစတပ်ဘ်နှင့် အင်္ဂါနေ့က ပေကျင်း၌တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ဖင်လန်သည်တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်သည့် ပထမဆုံးသောအနောက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံနှင့်အစိုးရအချင်းချင်းကြား ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးသည့် ပထမဆုံးအနောက်နိုင်ငံဖြစ်ကြောင်းလည်း ရှီကမှတ်ချက်ပြု ပြောကြားခဲ့သည်။
ဖင်လန်နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်ပြီးကတည်းက နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့်ယုံကြည်မှုအပေါ်အခြေခံကာ ချစ်ကြည်ရင်းနှီးခဲ့ကြပြီး အပြန်အလီယ်ဖလှယ်မှုအားကောင်းခဲ့ကြကြောင်းလည်းရှီကပြောကြားခဲ့သည်။
ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မမြင်နိုင်သောအရှိန်အဟုန်ဖြင့် ပြောင်းလဲမှုများကိုကြုံတွေ့နေရသလို လူ့အဖွဲ့အစည်း ရင်ဆိုင်နေရသည့် အန္တရာယ်များနှင့်စိန်ခေါ်မှုများမြင့်တက်လာသည်နှင့်အမျှ တရုတ်နှင့်ဖင်လန်အကြား မိတ်ဖက်ဆက်ဆံရေးသည် တန်ဖိုးထားထိန်းသိမ်းရမည့် အရာတစ်ခုဖြစ်သည်ဟုလည်း၎င်းကဆိုသည်။
တရုတ်သည် ဖင်လန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန်၊ချစ်ကြည်ရင်းနှီးပြီး ဓလေ့ထုံးတမ်းများ ဖလှယ်ရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးမှုအသစ်များပြုလုပ်ရန်ဆန္ဒရှိကြောင်းလည်းရှီကပြောကြားခဲ့သည်။
Source : ရှင်းဟွာ