ဂါဇာ၊အောက်တိုဘာ ၃၀
ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်လုံးဝရပ်စဲရေးအတွက် မည်သည့်သဘောတူညီချက် သို့မဟုတ်အကြံဉာဏ်ကိုမဆို တွေ့ဆုံဆွေးနွေးရန်လမ်းဖွင့်ထားပြီးကြောင်း ဟားမတ်စ်ကထုတ်ဖော်ပြောကြားခဲ့သည်။
ဟားမတ်စ်အကြီးတန်းအရာရှိ စမီအဘူဇူရီကမူ ယခုကဲ့သို့ ကမ်းလှမ်းမှုသည် ဂါဇာကမ်းမြောင်ရှိပြည်သူများ၏ ဆင်းရဲဒုက္ခများအဆုံးသတ်ကာ အပစ်အခတ်ရပ်စဲရေး သဆဘာတူညီချက်ကို ချမှတ်နိုင်မည့် အမျိုးမျိုးသော စိတ်ကူးအကြံဉာဏ်များကို တံခါးဖွင့်ထားကြောင်းရုပ်မြင်သံကြားမိန့်ခွန်းတွင်ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက ကမ်းလှမ်းလာမည့်အကြံပြုချက်များတွင် ဂါဇာကမ်းမြောင်မှအစ္စရေးတပ်များအလုံးစုံဆုတ်ခွာရေး၊ပိတ်ဆို့ထားမှုများကိုရုတ်သိမ်းရေး၊ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းများနှင့် ပြည်သူလူထုအတွက် ယာယီခိုလှုံရေးအဆောက်အအုံများနှင့် ပြန်လည်တည်ဆောက်ရေးတို့အပြင် အကျဉ်းသားလဲလှယ်မှုများပါဝင်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့်တနင်္ဂနွေနေ့က အီဂျစ်သမ္မတက ဂါဇာ၌ နှစ်ရက်ကြာအပစ်အခတ်ရပ်စဲရေးအဆိုပြုချက် ကို တင်သွင်းခဲ့ပြီး ပါလက်စတိုင်းအကျဉ်းသားများနှင့် အစ္စရေးဓ-ါးစာခံများလဲလှယ်ရေးပြုလုပ်မည်ဖြစ်ကာ နောက်ထပ်ဆယ်ရက်အတွင်း အပြီးတိုင်အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟုလည်း ပြောကြားခဲ့သည်။
ယမန်နှစ်အောက်တိုဘာကဖြစ်ပွားခဲ့သည့် အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွက် အီဂျစ်၊ကာတာနှင့်အမေရိကတို့သည် ဂါဇာ၌အပစ်အခတ်ရပ်စဲရေးရရှိရန် ပြေလည်အောင်ညှိနှိုင်းပေးဖို့ကြိုးစားနေခဲ့ကြခြင်းဖြစ်ပြီး ဒိုဟာနှင့်ကိုင်ရို၌ ဆွေးနွေးပွဲများအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသော်လည်း အောင်မြင်မှုမရရှိသေးပေ။
Source : ရှင်းဟွာ