Tuesday, December 24, 2024

မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး...

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး သတ်မှတ်ချိန် အမီပြီးစီးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူး လူသွားဥမင်(Underpass)စတင်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူးလူသွားဥမင်(Underpass)အား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ...

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရ

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ...

သံမြေမှ သံစိမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၌ သံမြေမှ သံစိမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံ(၂၂)ရုံ တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ သံမြေမှသံစိမ်းများထုတ်လုပ်နိုင်ရေးအတွက် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၌...
HomeInternationalတရုတ်နှင့်ရုရှား ယူကရိန်းအကြပ်အတည်း ကို...

တရုတ်နှင့်ရုရှား ယူကရိန်းအကြပ်အတည်း ကို ဆွေးနွေးခဲ့ကြ

ပေကျင်း၊အောက်တိုဘာ ၃၀

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးအန်ဒရီယူဒန်ကိုတို့သည် ဗုဒ္ဓဟူးနေ့ကတွေ့ဆုံရာ၌ ယူကရိန်းအကျပ်အတည်းကိုဆွေးနွေးခဲ့ကြပြီး ဝမ်က မော်စကိုနှင့်ပေကျင်း၏ ခိုင်မာသောဆက်ဆံရေးကို ထပ် လောင်းအတည်ပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောကြားချက်အရသိရသည်။

အဆိုပါအကျပ်အတည်းကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသော်လည်း ဝန်ကြီးဌာန၏သတင်း ထုတ်ပြန်ချက်၌မူ ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ထို့အပြင် နိုင်ငံတကာအခြေအနေအပြောင်းအလဲများကြောင့် တရုတ်နှင့်ရုရှား၏ ခိုင်မာသောဆက်ဆံရေးကို  မထိခိုက်စေလိုကြောင်းကိုလည်း မစ္စတာဝမ်က ထပ်လောင်းပြောကြားခဲ့သည်။

“နှစ်ဖက်လုံးအနေနဲ့ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ဖလှယ်မှုတွေအပြင် အဆင့်တိုင်းမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်သင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သော်လည်းအသေးစိတ်ရှင်းပြခြင်းမရှိခဲ့ပေ။

ရုရှားနှင့်ယူကရိန်းစစ်ပွဲကို အရေးပါ‌ေသာ အပြောင်းအလဲဖြစ် စေနိုင်သည့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ရုရှားတွင်ပါဝင်လာနိုင်ချေအတွက် နေတိုးနှင့်တောင်ကိုရီးယား၏သတိပေးချက်များထွက်ပေါ်နေချိန်၌ ယခုခရီးစဉ် စီစဉ်ခဲ့ခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ
Photo credit to SCMP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို သတ်မှတ်ချိန် အမီပြီးစီးရေးညွှန်ကြား

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး သတ်မှတ်ချိန် အမီပြီးစီးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ ရန်ကုန်ဘက်ခြမ်း ကမ်းနားလမ်း ဆင်ခြေလျှောတံတားနှစ်စင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဘုန်းကြီးလမ်းတလျှောက် ချဉ်းကပ်တံတား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Consultant အဖွဲ့မှ တာဝန်ရှိသူက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်...

မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူး လူသွားဥမင်(Underpass)စတင်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူးလူသွားဥမင်(Underpass)အား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် (Underpass)၏ အဆောက်အဦဝင်ပေါက်အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက မြေအောက်လမ်းကူးလူသွားဥမင်(Underpass) တည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသားအင်ဂျင်နီယာပညာရှင်များဖြင့်တည်ဆောက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့သွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြေအောက်လမ်းကူးလူသွားဥမင်(Underpass)...

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရ

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)စစ်ရေးပြကွင်းတွင်ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အ မှတ်စဉ်(၁၁)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအ ခမ်းအနားတွင်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်တွင် အမျိုးသားများ နှင့် ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများဖြင့် ပါဝင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောသည်။ မျက်မှောက်ကာလ ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေကြရပြီဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071