တရုတ်နှင့်ရုရှား ယူကရိန်းအကြပ်အတည်း ကို ဆွေးနွေးခဲ့ကြ

0
19

ပေကျင်း၊အောက်တိုဘာ ၃၀

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးအန်ဒရီယူဒန်ကိုတို့သည် ဗုဒ္ဓဟူးနေ့ကတွေ့ဆုံရာ၌ ယူကရိန်းအကျပ်အတည်းကိုဆွေးနွေးခဲ့ကြပြီး ဝမ်က မော်စကိုနှင့်ပေကျင်း၏ ခိုင်မာသောဆက်ဆံရေးကို ထပ် လောင်းအတည်ပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောကြားချက်အရသိရသည်။

အဆိုပါအကျပ်အတည်းကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသော်လည်း ဝန်ကြီးဌာန၏သတင်း ထုတ်ပြန်ချက်၌မူ ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ထို့အပြင် နိုင်ငံတကာအခြေအနေအပြောင်းအလဲများကြောင့် တရုတ်နှင့်ရုရှား၏ ခိုင်မာသောဆက်ဆံရေးကို  မထိခိုက်စေလိုကြောင်းကိုလည်း မစ္စတာဝမ်က ထပ်လောင်းပြောကြားခဲ့သည်။

“နှစ်ဖက်လုံးအနေနဲ့ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ဖလှယ်မှုတွေအပြင် အဆင့်တိုင်းမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်သင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သော်လည်းအသေးစိတ်ရှင်းပြခြင်းမရှိခဲ့ပေ။

ရုရှားနှင့်ယူကရိန်းစစ်ပွဲကို အရေးပါ‌ေသာ အပြောင်းအလဲဖြစ် စေနိုင်သည့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ရုရှားတွင်ပါဝင်လာနိုင်ချေအတွက် နေတိုးနှင့်တောင်ကိုရီးယား၏သတိပေးချက်များထွက်ပေါ်နေချိန်၌ ယခုခရီးစဉ် စီစဉ်ခဲ့ခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ
Photo credit to SCMP


LEAVE A REPLY

Please enter your comment!
Please enter your name here