ယူကရိန်းကိုအနောက်ကကူလို့ရရင်မော်စကိုကိုလည်းပြုံယမ်းကကူလို့ရသင့်

0
33
NEW YORK, NEW YORK - JULY 26: (Photo by Michael M. Santiago / GETTY IMAGES NORTH AMERICA / Getty Images via AFP)

ယူကရိန်းနှင့်ရုရှားစစ်ပွဲတွင် အနောက်နိုင်ငံများကကိဗ်ကို ကူညီပိုင်ခွင့်ရနေလျှင်မည်သည့်အတွက်ကြောင့်မြောက်ကိုရီးယားကဲ့သို့မိမိတို့၏မဟာမိတ်များက မော်စကို,ကိုကူညီနိုင်ခွင့်မရသနည်းဟုကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ်ကက ဗုဒ္ဓဟူးနေ့တွင် မေးခွန်းထုတ်လိုက်သည်။

အမြဲတမ်းကိုယ်စားလှယ် ဗက်စီလီ နီဗန်ဇီယာသည် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အမေရိက၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ယူကရိန်းနှင့် အခြားနိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင် ငြင်းခုံခဲ့သည်။ မော်စကိုကို ကူညီရန် မြောက်ကိုရီးယားတပ်ဖွဲ့များကို ဖြန့်ကျက်ခြင်းဖြင့် ရုရှားသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များနှင့် ကုလသမဂ္ဂ ပဋိဉာဉ်တို့ကို ချိုးဖောက်နေသည်ဟု ယင်းနိုင်ငံများက စွပ်စွဲခဲ့ကြသည်။

“ကုလသမဂ္ဂ ပဋိဉာဉ်ပါ အခြေခံမူတွေကို လုံး၀ ချိုးဖောက်တဲ့ ရန်လိုတဲ့ လုပ်ရပ်ကို ထောက်ခံခြင်းဟာ တရားမဝင်ပါဘူး” ဟု တောင်ကိုရီးယား သံအမတ်ကြီး Joonkook Hwang က ပြောဆိုသည်။ ထို့အပြင် ရုရှားသို့ မြောက်ကိုရီးယားတပ်များ စေလွှတ်ခြင်းနှင့် ပတ်သက်သည့် မည်သည့်လုပ်ဆောင်ချက်မဆိုသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အများအပြားကို အတိအလင်းချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း သူက ပြောကြားခဲ့သည်။

နီဘန်ဇီယာက မြောက်ကိုရီးယားနှင့် ရုရှားတို့၏ စစ်ရေးဆက်ဆံမှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော ယူကရိန်းစစ်ပွဲ၌ မြောက်ကိုရီးယားတပ်ဖွဲ့များ ပါဝင်ပတ်သက်မှုကို ရုရှားက ငြင်းဆိုခြင်းမျိုး မရှိပေ။

ရုရှားနှင့် မြောက်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မိမိတို့၏ အနောက်တိုင်း လုပ်ဖော်ကိုင်ဖက်များ ပြောသလို မှန်ကန်သည်ဆိုလျှင်ပင် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များကမူ ဇလန်းစကီးအစိုးရကို ကူညီပိုင်ခွင့်ရှိနေပြီး အလားတူအကြောင်းအရာတွင် ရုရှား မဟာမိတ်များက ယင်းသို့ လုပ်ပိုင်ခွင့်မရှိသော မှားယွင်းသည့် ယုတ္တိဗေဒကို လူတိုင်းက လက်ခံယုံကြည်အောင်အဘယ်ကြောင့် ကြိုးပမ်းနေပါသနည်းဟု နီဘန်ဇီယာက ပြောဆိုခဲ့သည်။

ယင်းပြောဆိုချက်ကို ယူကရိန်း၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Sergiy Kyslytsya က “ယူကရိန်းကို ကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေက လုံခြုံရေးကောင်စီက ပိတ်ဆို့ခံထားရတာမျိုး တစ်နိုင်ငံမှ မရှိပါဘူး” ဟု တုန့်ပြန်ခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသည့် မြောက်ကိုရီးယားထံမှ အကူအညီရယူခြင်းသည် ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် ယူကရိန်းနှင့် စစ်ပွဲတွင် ရုရှားကို ကူညီရန် မြောက်ကိုရီးယားတပ်များ ကို စေလွှတ်ခြင်းသည် နိုင်ငံတကာ ဥပဒေကို အတိအလင်းချိုးဖောက်ခြင်းဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသွားခဲ့သည်။

Ref: ယူအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here