ကုလသမဂ္ဂ၊အောက်တိုဘာ ၃၁
ရုရှားသို့ ပြုံယမ်းတပ်များ စေလွှတ်ကူညီစေခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့်လုပ်ရပ်မျိုးသာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှအမြဲတမ်းကိုယ်စားလှယ် ဗက်စီလီနီဗန်ဇီယာကပြောကြားခဲ့သည်။
အမေရိကနှင့်တောင်ကိုရီးယားတို့ကလည်း ၎င်းတို့အနေဖြင့် ယူကရိန်းအရေး၌ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမပြုမီ ရုရှားရှိမြောက်ကိုရီးယားတပ်ဖွဲ့များ ကို ဆုတ်ခွာပေးစေလိုကြောင်းပြောကြားခဲ့သည်။
အမေရိက၏ သတင်းထုတ်ပြန်ကြေငြာချက်၌ လက်ရှိတွင် ယူကရိန်း၌ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် တစ်ထောင်ထက်မနည်းရှိနေကာ ယခုကိစ္စသည် နိုင်ငံတကာအတွက် စိုးရိမ်စရာဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရုရှားသမ္မတပူတင်ဘက်က ငြင်းဆိုထားခြင်းမရှိသကဲ့သို့ ဟုတ်မှန်ကြောင်းပြောကြားထားခြင်းမျိုးလည်းမရှိပေ။
သို့သော် ရုရှား၏ကုလသံတမန်ကမူ အနောက်အုပ်စုများက ကိဗ် ကို ကူညီနေချိန်၌ ကာကွယ်ရေးသဘောတူညီချက်များရှိထားသည့် ပြုံယမ်းနှင့်မော်စကိုတို့အကြား ယခုကဲ့သို့ ကူညီမှုသည် ဖြစ်သင့်သည်အရာသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ