ONE က ပြုလုပ်မည့် ONE Friday Fights 170 ပွဲစဉ်တွင် မြန်မာ့အချစ်တော် ရိုးရာဖိုက်တာ(၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

0
673

လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ONE Championship က ပြုလုပ်မည့် ONE Friday Fights 170 ပွဲစဉ်တွင် မြန်မာပရိတ်သတ်အချစ်တော် ရိုးရာဖိုက်တာ(၂)ဦး ဖြစ်သည့် ရိုးရာလက်‌ဝှေ့ ဝါရင့်ဖိုက်တာ သံမဏိစိုးလင်းဦးနှင့် သန့်ဇင်(ရှောင်လေး)တို့ ဝင်ရောက်ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးလာခဲ့ပြီဖြစ်သည်။

ရိုးရာဖိုက်တာ သံမဏိစိုးလင်းဦးအနေဖြင့် မွေထိုင်းအကျော်အမော် ဆက်ဆန်ဖြင့် ပွဲတည်ထားသလို ရိုးရာဖိုက်တာသန့်ဇင်ကိုလည်း မာဂုဏ်မြင့် မွေထိုင်းဖိုက်တာ စူရီယန်လက်ခ်ဖြင့် ပွဲတည်ထားသည်။

ONE ပွဲစဉ် မှတ်တမ်းများအရ ရိုးရာဖိုက်တာ သန့်ဇင်မှာ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲရှုံးဖြင့် ပြိုင်ဘက်ကို အဆုံးသတ်နိုင်မှု ၁၀၀ ရာခိုင်နှုန်းရှိပြီး ၊ စူရီယန်လက်ခ်မှာ ၉ ပွဲကစား ၆ ပွဲနိုင် ၃ ပွဲရှုံးဖြင့် ပြိုင်ဘက်ကို အဆုံးသတ်နိုင်မှု ၈၃ ရာခိုင်နှုန်း ရှိကြသည့် ကစားဟန်များပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။

ရိုးရာဖိုက်တာသံမဏိ စိုးလင်းဦးအနေဖြင့်လည်း ONE ၏ ပွဲစဉ်တစ်လျှောက် (၄)ပွဲထိုး (၃)ပွဲနိုင် (၁)ပွဲရှုံး ရလဒ်ထွက်ပေါ်ထားကာ ၊ ONE ဘက်က ပြီးခဲ့သည့်ဇူလိုင် (၂၂)ရက်တွင် ဒေါ်လာတစ်သိန်းတန်စာချုပ်အား ချုပ်ဆိုထားပြီးနောက် ဆက်တိုက် ပွဲထွက်ခွင့်ရနေခြင်းဖြစ် သည်။

ပြိုင်ဘက် မွေထိုင်းဖိုက်တာ ဆက်ဆန်မှာလည်း ရိုးရာဖိုက်တာ စိုးလင်းဦးနှင့်အလားတူ မာဂုဏ်မြင့် ကစားသမားဖြစ်သည့်အပြင် ရုပ်ချင်း အနည်းငယ်တူသဖြင့် ဝမ်းကွဲညီအကိုဟု ချစ်စနိုးကျီစယ်မှုများ ရှိနေကြပြီး၊ ပွဲကောင်းမည့် တွဲဆိုင်းတစ်ဆိုင်းဖြစ်လာမည်မှာ သေချာကြောင်း ရိုးရာလက်ဝှေ့ဝါသနာရှင်များအကြား ရေပန်းစားနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here