ဘောလုံးလောကတွင် လုပ်ပွဲများနှင့်ပတ်သက်၍ အသိပညာပေးမှုများကို AFC နှင့် MFF/ MNL တို့ပူးပေါင်းကာ အနာဂါတ်တွင်ပိုမိုပြုလုပ်သွားမည်

0
18

ဘောလုံးလောကတွင် လုပ်ပွဲများနှင့်ပတ်သက်၍ အသိပညာပေးမှုများကို အနာဂါတ်တွင်ပိုမိုပြုလုပ်သွားရန် အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ AFC Legal Committee မှ မစ္စတာ ရာဇစ်ဇာကာရီးယားနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ မြန်မာနေရှင်နယ်လိဂ်(MNL)တို့မှ တာဝန်ရှိသူများဆွေးနွေးခဲ့ကြသည်။

၎င်းတို့သည် အောက်တိုဘာ ၃၁ ရက်မွန်းလွဲပိုင်းက ကမ္ဘာ့ဘောလုံးလောကအတွင်း အမြစ်တွယ်လာလျက်ရှိသည့် လုပ်ပွဲများလျော့နည်းပပျောက်သွားစေရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးမှုတွင် လုပ်ပွဲများနှင့်ပတ်သက်၍ အသိပညာပေးမှုများကို AFC နှင့် MFF/ MNL တို့ပူးပေါင်းကာ အနာဂါတ်တွင်ပိုမိုပြုလုပ်သွားရန်၊ ရရှိလာသည့် ထူးခြားသတင်းအချက်အလက်များကို ပြန်လည်မျှဝေပေးရန်၊ ကမ္ဘာ့အဆင့်အဖွဲ့အစည်းများ အာဏာပိုင်များနှင့် ပိုမိုလက်တွဲလုပ်ဆောင်သွားရန်တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြန်မာနေရှင်နယ်လိဂ်(MNL)၏ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှလည်း လုပ်ပွဲကိစ္စရပ်များနှင့်ပတ်သက်၍ MNL မှပြင်ဆင်လုပ်ဆောင်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here