အင်ဒို၌ ပြည်နယ်အုပ်ချုပ်ရေးမှူးလောင်းကို ကြိုရင်း ၇ ဦးေ-သဆုံး

0
23

ဂျကာတာ၊အောက်တိုဘာ ၃၁

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း မာလူကူပြည်နယ်၌ တံတားပြိုကျမှုကြောင့် လူခုနစ်ဦးေ-သဆုံးကာ ကျန်လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ်အေဂျင်စီမှ အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါမ‌တော်တဆမှုသည် မဲဆွယ်စည်းရုံးပွဲအတွက် မာလူကူပြည်နယ်အုပ်ချုပ်‌ရေးမှူး ‌လောင်းကို ကြိုဆိုရန်အတွက် တံတားပေါ်၌ လူစုလူဝေးဖြင့်စုရုံးစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လျော့ပါးသက်သာရေးအေဂျင်စီအကြီးအကဲကပြောကြားခဲ့သည်။

လူအများစုဝေးကာ တံတားပေါ်ရောက်ချိန်၌ တံတားဆောက်လုပ်ရေး အရည်အသွေးညံ့ဖျင်းမှုကြောင့် ပြိုကျခဲ့ရခြင်းဖြစ်သည်ဟုလည်း ၎င်းကရှင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေကြောင်းလည်း အဆိုပါတာဝန်ရှိသူကပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here