ဘယ်သူနိုင်နိုင် သမ္မတသစ် ကျမ်းကျိန်ပွဲ ဘိုင်ဒင် တက်မည်
     
နိုဝင်ဘာ ၅ ရက်တွင်ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲ၌ မည်သူအနိုင်ရခဲ့သည်ဖြစ်စေ အနိုင်ရ ရွေးကောက်ခံသမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်သွားမည်ဖြစ်သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကရင်းရွန်ပြဲ က ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

0
46

“ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုဖြစ်မှာကို သမ္မတက ယုံကြည်ပါတယ်၊ သမ္မတ လုပ်တာကို ခင်ဗျားတို့ တွေ့ရမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် ကရင်း က ပြောကြားသွားသည်။

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို အခမ်းအနားကို လာမည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် မည်သူအနိုင်ရသည်ဖြစ်စေ အမေရိကန်ပြည်သူများ၏ ရွေးချယ်မှုဖြစ်ကြောင်း၊ ကျမ်းကျိန်ဆိုပွဲ အခမ်းအနားတက်ခြင်းသည် သမိုင်းဝင် အခမ်းအနားတစ်ခုဖြစ်ကြောင်းနှင့် သူ သေချာပေါက် တက်ရောက်မှာဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ၂၀၂၁ ခုနှစ်က သမ္မတသစ် ကျမ်းကျိန်အခမ်းအနားကို တက်ရောက်ခြင်းမပြုခဲ့ဘဲ ကာလကြာရှည် အစဉ်အလာတစ်ခုကို ဆန့်ကျင်ခဲ့သည်။

Ref: AA


LEAVE A REPLY

Please enter your comment!
Please enter your name here