တိုက်ဖွန်းKong reyနီးကပ်လာ၍ရှန်ဟိုင်း၌ အရေးပေါ်ပြင်ဆင်

0
27
A fallen tree blocks a road in Keelung on November 1, 2024, after Typhoon Kong-rey made landfall in eastern Taiwan on October 31. - Typhoon Kong-rey slammed into Taiwan on October 31 as one of the biggest storms to hit the island in decades, whipping up 10-metre waves, triggering floods and claiming at least one life. (Photo by I-Hwa CHENG / AFP)

ပေကျင်း၊နိုဝင်ဘာ ၁

တိုက်ဖွန်းမုန်တိုင်း Kong rey နီးကပ်လာသဖြင့် တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့၌ အဆင့် ၄ သတ်မှတ်ချက်သတိပေးချက်များ ကို ထုတ်ပြန်ကာ အရေးပေါ်ပြင်ဆင်မှုများ ကို ပြုလုပ်လျက်ရှိကြောင်း ပြည်နယ်ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေး ဌာနချုပ်ကပြောကြားခဲ့သည်။

တိုက်ဖွန်း Kong-rey ကြောင့် ကြာသပတေးနေ့ညမှ သောကြာညအထိ ရှန်ဟိုင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ဖွန်းမုန်တိုင်း Kong rey သည် ထိုင်ဝမ်ကျွန်းကိုဖြတ်ပြီး ထိုင်ဝမ်ရေလက်ကြားသို့ဝင်ရောက်ခဲ့ကာ သောကြာနေ့ညတွင် ရှီကျန်းပြည်နယ်ကမ်းရိုးတန်းမှ အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားမည်ဟုလည်း မိုးလေဝသပညာရှင်များကခန့်မှန်းထားကြသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here