ဝါရှင်တန်၊နိုဝင်ဘာ ၁
ရုရှား – ယူကရိန်းနယ်စပ် ကာ့စ်ဒေသ၌ ပြုံယမ်းတပ်ဖွဲ့ဝင် ၈,၀၀၀ ခန့်ရှိကာ မကြာမီရက်ပိုင်းအတွင်း တိုက်ပွဲများတွင် ပါဝင်လာနိုင်ခြေရှိသည်ဟု အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။
“လောလောဆယ် ရုရှားမှာ ပြုံယမ်းစစ်သည် ၁၀,၀၀၀ နီးပါးရှိနေပြီး လတ်တလော ကိန်းဂဏန်းတွေအရ ၈,၀၀၀ ထက်မနည်းက ကာ့စ်ဒေသကိုတပ်ဖြန့်ထားပြီးပါပြီ” ဟု တောင်ကိုရီးယားနိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်ကြီးများနှင့်တွေ့ဆုံမှုအပြီး၌ မစ္စတာဘလင်ကန်ကပြောကြားခဲ့သည်။
အဆိုပါစစ်သားများသည် လက်ရှိတွင် ယူကရိန်းတပ်ဖွဲ့များနှင့်ထိပ်တိုက်ရင်ဆိုင်တွေ့ပြီး တိုက်ပွဲ၌ပါဝင်လာခြင်းမရှိသေးသော်လည်း မကြာမီရက်ပိုင်းအတွင်း ပါဝင်လာနိုင်ကြောင်း အမေရိကကခန့်မှန်းထားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်ကမူ ပြုံယမ်းစစ်သည်များကို ချက်ချင်းထုတ်မသုံးသေးသည်မှာ မြေပြင်တိုက်ပွဲအတွက် အဆိုပါစစ်သည်များကို ရုရှားဘက်ကလေ့ကျင့်ပေးနေခြင်းမျိုးဖြစ်နိုင်ကြောင်းသုံးသပ်ပြောကြားခဲ့သည်။
စစ်သည်များကို ရုရှားဘက်မှ ယူနီဖောင်းနှင့်ရိက္ခာထောက်ပံ့ပေးထားပြီး အမြောက်တပ်စစ်ဆင်ရေးများ၊ မောင်းသူမဲ့လေယာဉ် စစ်ဆင်ရေးနှင့် ခြေလျင်စစ်ဆင်ရေးများအပါအဝင် ကတုတ်ကျင်းတူးနည်းများကိုပါလေ့ကျင့်ပေးခဲ့ကြောင်းလည်းအော်စတင်ကဆိုသည်။
ထို့အပြင် မြောက်ကိုရီးယားသည် ရုရှားသို့ ဒုံးကျည် ၁,၀၀၀ ကျော် ပေးပို့ခဲ့ကြောင်းလည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်းကဆိုကာ ယခုလုပ်ရပ်သည် မော်စကိုအနေဖြင့် နှစ် ၁၀၀ အတွင်း ပထမဆုံးအနေဖြင့် ပြည်ပတပ်ဖွဲ့များခေါ်ယူခဲ့ခြင်းဖြစ်သည်ဟုလည်း ဘလင်ကန်ကပြောကြားခဲ့သည်။
Source : နစ်ကေးအေးရှား