မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရသူများကို ကူညီထောက်ပံ့ရန် EU မှ WFP ထံ ထပ်ဆောင်း ရန်ပုံငွေ ကန်ဒေါ်လာ (၁.၃၄) သန်း ‌ပေးအပ်

0
19

မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရသူများကို ကူညီထောက်ပံ့ရန် ဥရောပသမဂ္ဂ (EU)က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထံ ထပ်ဆောင်း ရန်ပုံငွေ ယူရို (၁.၂) သန်း (အမေရိကန်ဒေါ်လာ ၁.၃၄ သန်း) ‌ထောက်ပံ့ပေးအပ်လိုက်ကြောင်း WFP နှင့် EU တို့ ပူးတွဲသတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ စားနပ်ရိက္ခာဖူလုံမှု အခြေအနေအကြောင်းနှင့် ဥရောပသမဂ္ဂက ရန်ပုံငွေများ ထပ်ဆောင်း ပေးအပ်သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ဥရောပသမဂ္ဂ (EU) တို့က အောက်တိုဘာ (၃၁)ရက်တွင် ပူးတွဲသတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း လူ (၄)ဦးမှာ (၁) ဦးနှုန်းနှင့် စုစုပေါင်းလူဦးရေ (၁၃.၃) သန်းမှာ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေကြရပြီး ထိုထဲကမှ လူဦးရေ (၂.၇) သန်းမှာ စားနပ်ရိက္ခာအခက်အခဲ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရပြီး အခြေခံစားသောက်ကုန်များ၏ ကုန်ဈေးနှုန်းမှာလည်း ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် (၅၀) ရာခိုင် နှုန်း တိုးမြင့်လာနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲ အရေးပေါ်အခြေအနေကို ဖြေရှင်းရန် လုပ်ငန်းများတွင် ပံ့ပိုးသည့် အနေဖြင့် ဥရောပသမဂ္ဂ(EU)မှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ထံ ထပ်ဆောင်း ရန်ပုံငွေ ယူရို (၁.၂) သန်း (အမေရိကန်ဒေါ်လာ ၁.၃၄ သန်း) ကို ‌ပေးအပ်ထောက်ပံ့လိုက်ကြောင်း သိရသည်။

အဆိုပါ ဥရောပသမဂ္ဂ(EU)မှ ပေးအပ်သည့် အထောက်အပံ့များ ရေဘေးသင့်ပြည်သူများထံ အရေးပေါ် အသက်ကယ်စားနပ်ရိက္ခာများ တိုက်ရိုက်ရောက်ရှိနိုင်စေရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် စေတနာ့ ဝန်ထမ်းများ၊ ပြည်တွင်း NGO များဖြင့် လက်တွဲ၍ ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here