မက်ဒရစ်ဒ်၊နိုဝင်ဘာ ၁
စပိန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ၍ ေ-သဆုံးသူဦးရေမှာ ၁၅၈ ဦးထက်မနည်း ရှိလာခဲ့ကြောင်း နိုင်ငံတွင်းအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကထုတ်ပြန်ကြေငြာခဲ့သည်။
ဗလန်စီယာတစ်မြို့တည်း၌ပင် အင်္ဂါနေ့ညမှ ဗုဒ္ဓဟူးနေ့အကြား ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ေ-သဆုံးသူအရေအတွက်သည် အနည်းဆုံး ၁၅၅ ဦးအထိရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်အထိ ဗလန်စီယာမြို့မှကယ်ဆယ်ရေးသမားများက ေ-သဆုံးသူများကို ဆက်လက်ရှာဖွေဖော်ထုတ်နေဆဲဖြစ်ကြောင်းသိရသည်။
စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းရှေး သည် ကြာသပတေးနေ့က ဗလန်န်စီယာဒေသရှိ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်စေသည့် ပြင်းထန်သောရာသီဥတုသည် မပြီးဆုံးသေးကြောင်းလည်းသတိပေးခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းပြီး ဥမင်လိုဏ်ခေါင်းနှစ်ခုပြိုကျသဖြင့် ဗလန်န်စီယာနှင့် မက်ဒရစ်ဒ်ကြားရှိ အမြန်ရထားလိုင်းသည် အနည်းဆုံးနှစ်ပတ်ကြာသည်အထိ ပြေးဆွဲနိုင်ဦးမည်မဟုတ်ကြောင်း စပိန်သယ်ယူပို့ဆောင်ရေးဝန်ကြီးကကြေငြာချက်ထုတ်ပြန်ခဲ့သည်။
Source : ရှင်းဟွာ