ပူနွေးစွတ်စိုသော ရာသီဥတု၊ ကမ်းခြေများနှင့် မိုးသစ်တောများကြောင့် လူသိများသည့် ဟာဝိုင်ယီကျွန်းစုများအနက် အကြီးဆုံးကျွန်းရှိ Mauna Kea တောင်ထိပ်တွင် ဆီးနှင်းများ ၂ လက်မခန့်အထိ ကျဆင်းလာသည်။
ယခုသီတင်းပတ်အတွင်း ဟာဝိုင်ယီ၏ အမြင့်ဆုံးတောင်ထွတ်ပေါ်တွင် ဆီးနှင်းများကျဆင်းခဲ့ပြီး ဆောင်းရာသီတွင် အံ့သြဖွယ်ကောင်းသော နယ်မြေအဖြစ်သို့ ခေတ္တပြောင်းလဲသွားစေခဲ့သည်။
ဆောင်းရာသီတွင် Mauna Kea ကဲ့သို့သော မြင့်မားသည့် တောင်ထိပ်များတွင် ဆီးနှင်းများကျဆင်းခြင်းမှာ မထူးဆန်းသော်လည်း ရာသီဥတုအေးသည့် ဂျပန်နိုင်ငံရှိ ဖူဂျီတောင်ထိပ်တွင် ဆီးနှင်းများ ကျရောက်ခြင်းမရှိချိန်တွင် ရာသီဥတု ပူနွေးစွတ်စိုသော ဟာဝိုင်ယီ၌ ယခုကဲ့သို့ ဆီးနှင်းထူထပ်စွာ ကျဆင်းခြင်းမှာမူ ထူးဆန်းနေကြောင်း သုတေသီတို့ကဆိုကြသည်။