ပေကျင်း၊နိုဝင်ဘာ ၂
စပိန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ၍ လူေ-သဆုံးမှုများရှိခဲ့ပြီး ပစ္စည်း ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့သည့်အတွက် ဆဋ္ဌမမြောက်စပိန်ဘုရင် ဖိလစ် နှင့်ရေဘေးသင့်ပြည်သူများထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီက စာနာကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။
ပြင်းထန်သော မိုးသက်မုန်တိုင်းများနှင့် ရေကြီးမှုများကြောင့် လူေ-သဆုံးမှု ၂၀၅ ဦးအထိရှိခဲ့ကာ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများလည်း ကြီးမားခဲ့သည့်အတွက် ထိတ်လန့်တုန်လှုပ်ဝမ်းနည်းမိကြောင်း ရှီကပြောကြားခဲ့သည်။
တရုတ်အစိုးရနှင့် ပြည်သူများ၏ကိုယ်စား တရုတ်သမ္မတက စပိန်ရေဘေးကြောင့် ေ-သဆုံးသူများနှင့် ကျန်ရစ်သူမိသားစုများအပါအဝင် ဒဏ်ရာရရှိသူများအတွက်လည်း အလွန်အမင်းဝမ်းနည်းကာ ထပ်တူခံစားရပါကြောင်းပြောကြားခဲ့သည်။
ထို့ပြင် စပိန်ဘုရင်နှင့်စပိန်အစိုးရတို့၏ ဦးဆောင်မှုအောက်တွင် ရေဘေးသင့်ဒေသများရှိ ပြည်သူများသည် သဘာဝဘေးအန္တရာယ်ကိုကျော်လွှားကာ ၎င်းတို့၏နေအိမ်များကို အလျင်အမြန်ပြန်လည်တည်ဆောက်နိုင်ကြပြီး ထူထောင်ရေးများလုပ်နိုင်မည်ဟုယုံကြည်ကြောင်းလည်း သမ္မတရှီကပြောကြားခဲ့သည်။
Source : ရှင်းဟွာ