ရေဘေးဒဏ်ခံခဲ့ရသည့်စပိန်ပြည်သူလူထုကိုရှီကစာနာကြောင်းသဝဏ်လွှာပို့

0
69
People walk past a flood damaged hardware store in Benetusser, in the region of Valencia, eastern Spain, on November 2, 2024, following devastating floods. - Spain will deploy 10,000 more troops and police officers to the eastern Valencia region devastated by floods that have killed 211 people, Prime Minister Pedro Sanchez said today. (Photo by Manaure QUINTERO / AFP)

ပေကျင်း၊နိုဝင်ဘာ ၂

စပိန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ၍ လူေ-သဆုံးမှုများရှိခဲ့ပြီး ပစ္စည်း ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့သည့်အတွက် ဆဋ္ဌမမြောက်စပိန်ဘုရင် ဖိလစ် နှင့်ရေဘေးသင့်ပြည်သူများထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီက စာနာကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။

ပြင်းထန်သော မိုးသက်မုန်တိုင်းများနှင့် ရေကြီးမှုများကြောင့် လူ‌ေ-သဆုံးမှု ၂၀၅ ဦးအထိရှိခဲ့ကာ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများလည်း ကြီးမားခဲ့သည့်အတွက် ထိတ်လန့်တုန်လှုပ်ဝမ်းနည်းမိကြောင်း ရှီကပြောကြားခဲ့သည်။

တရုတ်အစိုးရနှင့် ပြည်သူများ၏ကိုယ်စား တရုတ်သမ္မတက စပိန်ရေဘေးကြောင့် ‌ေ-သဆုံးသူများနှင့် ကျန်ရစ်သူမိသားစုများအပါအဝင် ဒဏ်ရာရရှိသူများအတွက်လည်း အလွန်အမင်းဝမ်းနည်းကာ ထပ်တူခံစားရပါကြောင်းပြောကြားခဲ့သည်။

ထို့ပြင် စပိန်ဘုရင်နှင့်စပိန်အစိုးရတို့၏ ဦးဆောင်မှုအောက်တွင် ရေဘေးသင့်ဒေသများရှိ ပြည်သူများသည် သဘာဝဘေးအန္တရာယ်ကိုကျော်လွှားကာ ၎င်းတို့၏နေအိမ်များကို အလျင်အမြန်ပြန်လည်တည်ဆောက်နိုင်ကြပြီး ထူထောင်ရေးများလုပ်နိုင်မည်ဟုယုံကြည်ကြောင်းလည်း သမ္မတရှီကပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here