Tuesday, December 24, 2024

မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး...

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး သတ်မှတ်ချိန် အမီပြီးစီးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူး လူသွားဥမင်(Underpass)စတင်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူးလူသွားဥမင်(Underpass)အား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ...

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရ

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ...

သံမြေမှ သံစိမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၌ သံမြေမှ သံစိမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်ရုံ(၂၂)ရုံ တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ သံမြေမှသံစိမ်းများထုတ်လုပ်နိုင်ရေးအတွက် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၌...
HomeInternationalထရမ့်ပ်နှင့် ဟဲရစ် မြောက်ကာရိုလိုင်းနားမှာ...

ထရမ့်ပ်နှင့် ဟဲရစ် မြောက်ကာရိုလိုင်းနားမှာ စည်းရုံးရေးဆင်း

အမေရိကန်ပြည်ထောင်စုသမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်နှင့် ဒုတိယသမ္မတ ကမ်မလာဟဲရစ်တို့သည် မဲဆွယ်ကာလ နောက်ဆုံးရက်သတ္တပတ်တွင် မဲတစ်ပြားအတွက် မည်သူ့ကိုသမ္မတအဖြစ်‌ရွေးချယ်ရမည်ကို မဆုံးဖြတ်ရသေးသည့် မဲဆန္ဒရှင်များထံ နောက်ဆုံးအကြိမ် စည်းရုံးရေးဆင်းခဲ့ကြသည်။

လူထုသဘောထား စစ်တမ်းများအရ ပြိုင်ဆိုင်မှုပြင်းထန်သည့် အနေအထားကို ဆက်လက်ဖော်ပြနေပြီး သမ္မတလောင်းနှစ်ဦးသည် အကြိတ်အနယ်ဖြစ်နေသည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပရန် သုံးရက်သာလိုတော့ချိန်တွင် ပြိုင်ပွဲအဆုံးအဖြတ်သည် အကြိတ်အနယ်ယှဉ်ပြိုင်ရသော အဓိကပြည်နယ်ကြီးများဆီ ရောက်သွားဖွယ်ရှိသည်။

စနေနေ့တွင် ထရမ့်ပ်က မြောက်ကာရိုလိုင်းနားတွင် မဲဆွယ်စည်းရုံး‌ခဲ့ပြီး ဟဲရစ်က ဂျော်ဂျီယာတွင် မဲဆွယ်သည်။ ဒုတိယသမ္မတသည်နောက်ပိုင်းတွင် မြောက်ကာရိုလိုင်းနားရှိ သူ၏ မဲဆွယ်ပွဲသို့ သွားရောက်ခြင်းဖြင့် ရွေးကောက်ပွဲနေ့တွင် ယင်းပြည်နယ်၏ အရေးပါမှုကို ထင်သာမြင်သာရှိစေခဲ့သည်။

ပြည်နယ်စစ်တမ်းကောက်ယူမှုအသစ်များတွင် ဒီမိုကရက်တို့ အားသာသည့် ပြည်နယ်များ၌ ကွာဟမှုကျဉ်းမြောင်းစွာဖြင့် အပြိုင်ဖြစ်နေပြီး မီချီဂန်၊ ဝစ္စကွန်ဆင်ပြည်နယ်တို့တွင် ဟဲရစ်ဘက် အနည်းငယ်တိမ်းစောင်းမှုရှိကာ ပင်ဆယ်ဗေးနီးယားတွင် အကြိတ်အနယ်ရှိနေသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့်မူ သမ္မတလောင်းနှစ်ဦးသည် ထောက်ခံမှုအသာစီးမရကြဘဲ ရှိနေဆဲဖြစ်သည်။

ဒေမွမ်းအင်န်မီဒီယာကွမ်း၏ စစ်တမ်းအသစ်အရ ထရမ့်ပ်သည် အိုင်အိုဝါပြည်နယ်တွင် အသာစီးရခြင်းမရှိတော့ဟု ဖော်ပြသည်။ ယင်း စစ်တမ်းသစ်အရ ၂၀၁၆ နှင့် ၂၀၂၀ တို့တွင် ထရမ့်ပ် ဦးဆောင်ခဲ့သော ပြည်နယ်သည် ပြတ်သားသည့် အသာစီးရသူ မရှိတော့သည်ကို ပြနေသည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

Ref: ဒီဒဗ္ဗလျူ၊ စီအင်န်အင်န်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို သတ်မှတ်ချိန် အမီပြီးစီးရေးညွှန်ကြား

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး သတ်မှတ်ချိန် အမီပြီးစီးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ ရန်ကုန်ဘက်ခြမ်း ကမ်းနားလမ်း ဆင်ခြေလျှောတံတားနှစ်စင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဘုန်းကြီးလမ်းတလျှောက် ချဉ်းကပ်တံတား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Consultant အဖွဲ့မှ တာဝန်ရှိသူက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်...

မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူး လူသွားဥမင်(Underpass)စတင်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြေအောက်လမ်းကူးလူသွားဥမင်(Underpass)အား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် (Underpass)၏ အဆောက်အဦဝင်ပေါက်အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက မြေအောက်လမ်းကူးလူသွားဥမင်(Underpass) တည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသားအင်ဂျင်နီယာပညာရှင်များဖြင့်တည်ဆောက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့သွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြေအောက်လမ်းကူးလူသွားဥမင်(Underpass)...

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရ

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)စစ်ရေးပြကွင်းတွင်ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အ မှတ်စဉ်(၁၁)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအ ခမ်းအနားတွင်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်တွင် အမျိုးသားများ နှင့် ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများဖြင့် ပါဝင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောသည်။ မျက်မှောက်ကာလ ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေကြရပြီဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071