Friday, November 29, 2024

အစ္စရေးနှင့်‌ ဟေဇ်ဘိုလာတို့၏အပစ်အခတ်ရပ်စဲရေး တရုတ်ကြိုဆို

ပေကျင်း၊နိုဝင်ဘာ ၂၇ တရုတ်နိုင်ငံသည် လက်ဘနွန်နှင့် အစ္စရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက လက်ဘနွန်၌...

ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသဖြင့် ပြည်ပပို့ကုန်အား ၂ ဆ...

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ပြည်ပပို့ကုန်များတိုးမြှင့်တင်ပို့ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံ“စီးပွားရေးပညာနှစ် (၁၀၀)”ရာပြည့်အထိမ်းအမှတ်အခမ်းအနား၌...

တောင်ကိုရီးယား၌ဆီးနှင်းထူထပ်စွာကျ၍ လူလေးဦး ‌ေ-သဆုံး

တောင်ကိုရီးယားနိုင်ငံတွင် ပြင်းထန်သောဆောင်းရာသီကာ၌ ဒုတိယမြောက်နေ့အဖြစ် နိုဝင်ဘာ ၂၈ ရက်က ဆီးနှင်းများ ဆက်လက်၍ထူထပ်စွာကျဆင်းခဲ့ပြီး လေကြောင်းခရီးစဉ်များကို ဒါဇင်နှင့်ချီ၍ ဖျက်သိမ်းခဲ့ရကာ ဖယ်ရီပို့ဆောင်မှုများလည်း ရပ်ဆိုင်းသွားခဲ့ပြီး...

စီးပွားရေးပညာကို စွမ်းဆောင်ရည်ပြည့်ဝစွာ လက်တွေ့အသုံးချတတ်မှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည့် ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံ“စီးပွားရေးပညာနှစ်(၁၀၀)”ရာပြည့်အထိမ်းအမှတ်အခမ်းအနား၌ စီးပွားရေး အတတ်ပညာ၏ အရေးပါမှုကို ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့ပထဝီနိုင်ငံရေး၊...
HomeNewsLocal Newsငှက်ဖျားရောဂါ ကူးစက်မှုအမြင့်ဆုံးဖြစ်သည့် ဗန်းမောက်မြို့နယ်အတွင်း...

ငှက်ဖျားရောဂါ ကူးစက်မှုအမြင့်ဆုံးဖြစ်သည့် ဗန်းမောက်မြို့နယ်အတွင်း ဆေးဝါးများ ဖြန့်ဝေသွားမည်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်သည် ငှက်ဖျားရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်ပြီး အဆိုပါ ဒေသအတွက် ငှက်ဖျားရောဂါတိုက်ဖျက်ဆေးဝါးများကို ယခု နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆေးဝါးများဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗန်းမောက်မြို့ရှိ HIV ၊ တီဘီနှင့် ငှက်ဖျား ရောဂါ ဖြစ်ပွားနေသည့် ဒေသခံများအတွက် ကျေးလက်ကျန်းမာရေးအဖွဲ့များက လိုအပ်သည့်ဆေးဝါးများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဗန်းမောက်မြို့ကျန်းမာရေးဆိုင်ရာ သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ဆေးဝါးဖြန့်ဝေပေးမှုအတွက် HIV ရောဂါအတွက် ART ဆေးအပါအဝင် တီဘီနှင့် ငှက်ဖျားရောဂါများအတွက် ရောဂါအလိုက်ပိုးတွေ့ရှိသူ မည်သူ့ကိုမဆို ဆေးဝါးဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆေးဝါးများဖြန့်ချိရာတွင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် လိုအပ်သည့်ဆေးဝါး(၃) လစာကြိုတင်ပေးခြင်း၊ ကျန်းမာရေးဆရာ/ဆရာမများမှတဆင့် လစဉ်ဆေးဝါး ဖြန့်‌ဝေခြင်းတို့ကိုလည်း ပြုလုပ်သွားရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။

မြန်မာပြည်အထက်ပိုင်း ၊ ဗန်းမောက်မြို့သည် ငှက်ဖျားကူးစက်မှုအမြင့်ဆုံးစာရင်းအတွင်းပါဝင်နေပြီး ၂၀၁၅ ခုနှစ် မှစတင်၍ ၂၀၁၆ ခုနှစ်အထိ ငှက်ဖျားပိုးတွေ့ရှိသူ (၃၀၀၀) ကျော် ၊ ၂၀၁၇ ခုနှစ် တွင် (၂၀၀၀) ကျော်၊ ၂၀၁၈ ခုနှစ်တွင် (၁၇၀၀) ကျော်၊ ၂၀၁၉ ခုနှစ်တွင် (၈၀၀)ကျော် ၊ ၂၀၂၀ ခုနှစ်တွင် (၆၀၀) ကျော်နှင့် ၂၀၂၁ ဇွန်လအထိ ငှက်ဖျားပိုးစစ်ဆေးကုသပေးခဲ့ရသူ (၃၀၀) ကျော်ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့၏ စာရင်းများအရ သိရသည်။

ဒေသတွင်းလမ်းပန်ဆက်သွယ်ရေးအခက်အခဲများကြောင့် ဆေးဝါးများသယ်ယူရေးအတွက် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ၂၀၂၂ ခုနှစ်မှစတင်၍ ကာကွယ် ဆေးအပါအဝင် ဆေးဝါးအများစု ပြတ်တောက်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေးနှင့်‌ ဟေဇ်ဘိုလာတို့၏အပစ်အခတ်ရပ်စဲရေး တရုတ်ကြိုဆို

ပေကျင်း၊နိုဝင်ဘာ ၂၇ တရုတ်နိုင်ငံသည် လက်ဘနွန်နှင့် အစ္စရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးလုံခြုံရေးအဖွဲ့က အတည်ပြုလိုက်ပြီဟု အင်္ဂါနေ့ကကြေငြာခဲ့သကဲ့သို့ လက်ဘနွန်အစိုးရကလည်း ယခုဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုခဲ့သည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏သဘောထားကိုမေးမြန်းရာ၌ တရုတ်နိုင်ငံသည် လက်ဘနွန်နှင့် အစ္စရေးတို့၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို လိုက်နာရန် သက်ဆိုင်ရာ အဖွဲ့အားလုံးကို တစိုက်မတ်မတ်တောင်းဆိုခဲ့သည်ဟုပြန်လည်ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး ကို မဖော်ဆောင်နိုင်ခြင်းကလည်း အရှေ့အလယ်ပိုင်းတွင်...

ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသဖြင့် ပြည်ပပို့ကုန်အား ၂ ဆ တိုးမြှင့်တင်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ပြည်ပပို့ကုန်များတိုးမြှင့်တင်ပို့ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံ“စီးပွားရေးပညာနှစ် (၁၀၀)”ရာပြည့်အထိမ်းအမှတ်အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုသည် ဈေးကွက်ဝင်သည့် ကုန်ထုတ်လုပ်မှုမြင့်မားရန်အလွန်အရေး ကြီးကာ အကြောင်းအမျိုးမျိုးပြ၍ ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသော မြန်မာနိုင်ငံအနေဖြင့် လက်ရှိပြည်ပပို့ကုန်ကို ၂ ဆတိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် လယ်ယာ၊ သား ငါး၊ သစ်တောကဏ္ဍများတွင်...

တောင်ကိုရီးယား၌ဆီးနှင်းထူထပ်စွာကျ၍ လူလေးဦး ‌ေ-သဆုံး

တောင်ကိုရီးယားနိုင်ငံတွင် ပြင်းထန်သောဆောင်းရာသီကာ၌ ဒုတိယမြောက်နေ့အဖြစ် နိုဝင်ဘာ ၂၈ ရက်က ဆီးနှင်းများ ဆက်လက်၍ထူထပ်စွာကျဆင်းခဲ့ပြီး လေကြောင်းခရီးစဉ်များကို ဒါဇင်နှင့်ချီ၍ ဖျက်သိမ်းခဲ့ရကာ ဖယ်ရီပို့ဆောင်မှုများလည်း ရပ်ဆိုင်းသွားခဲ့ပြီး ‌ေ-သဆုံးသူ လေးဦးထက်မနည်း ရှိခဲ့သည်။ သို့သော်လည်း အဆိုပါရာသီဥတုအခြေအနေသည် လျော့ပါးသက်သာစပြုလာသည့် လက္ခဏာများပြသလာသည်ဟု သိရသည်။ မြို့တော်၏ ရာသီဥတုဆိုင်ရာ အချက်လက်များအရ ဆိုးမြို့တော်တွင် ဆောင်းရာသီ ဆီးနှင်းကျဆင်းမှုသည် ၁၉၀၇ ခုနှစ်ကစသော မှတ်တမ်းတင်ခဲ့မှုများ၌ တတိယမြောက်အပြင်းထန်ဆုံး နှင်းကျဆင်းမှုဖြစ်သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။ ဆိုးလ်မြို့၏ ဆိပ်ကမ်းများတွင် နံနက် ၈ နာရီခန့်အထိ ဆီးနှင်းကျဆင်းမှုသည် ၄၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071