Friday, November 22, 2024

ကုန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် လခစား ဝန်ထမ်းများနှင့်...

လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ်သက်ရောက်မှုကြီးမားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုဝင်ဘာ...

အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ (၆)...

ပြန်ကြားရေး ဝန်ကြီးဌာန အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ စာပေပညာရှင် (၆) ဦးကို နိုဝင်ဘာ...

လာအိုတွင် အရက်အဆိပ်သင့်၍ ခရီးသွားနှစ်ဦး ထပ်မံသေဆုံး

လာအိုနိုင်ငံ Vang Vieng မြို့တွင် အဆိပ်သင့်သော အရက်ကို သောက်သုံးမိရာမှ သြစတြေးလျ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် မိဘတိုင်းအတွက် အိပ်မက်ဆိုးဖြစ်သည်ဟု...

အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် ဟားမတ်စ်ခေါင်းဆောင်တို့ကို အိုင်စီစီ...

နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယွတ်ဗ် ဂဲလန့်နှင့် ဟားမတ်စ်တပ်မှူး မိုဟာမက် ဒီယက်အီဘရာဟင်...
HomeMoviesရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း လူမှုအကျိုးပြု...

ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း လူမှုအကျိုးပြု ချန်ပီယံဆု ချီးမြှင့်ခံရ

ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို ယမန်နေ့ နိုဝင်ဘာ ၃ ရက်က လူမှုအကျိုး ပြု ချန်ပီယံဆု ဂုဏ်ပြုချီးမြှင့်ခံရကြောင်း သိရသည်။

အဆိုပါ ဆုကို ဘာသာရေး‌ကျောင်း
တစ်ခုဖြစ်သည့် အယ်အဇ်ဟရ်အစ္စလာမ့်သိပ္ပံက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပေးအပ်ချီးမြှင့်ခဲ့ခြင်းလည်းဖြစ် သည်။

” အယ်အဇ်ဟရ်အစ္စလာမ့်သိပ္ပံ ရန်ကုန်အခြေစိုက်က ပေးအပ်တဲ့ဆုပါ။”ဟု ထွန်းထွန်းမင်းက ပြောသည်။

ထို့အပြင် ၎င်းက ပရဟိတ လုပ်ငန်းများကိုလည်း အများပြည်သူအတွက် ကြိုး စား လုပ်ဆောင်သွားမည်ဆိုသည့်ကတိစကားကိုလည်း သူ၏လူမှုကွန်ရက်စာ မျက်နှာမှတဆင့် မျှဝေထားသည်ကိုတွေ့ရသည်။

ရိုးရာလက်ဝှေ့ကျော်ထွန်းထွန်းမင်းသည်ရေဘေးသင့်ဘေးပြည်သူများအား ထောက်ပံ့ကူညီရန် သူ၏ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလေလံတင် ရောင်းချခဲ့ပြီး ကလောရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းမှုများပြု လုပ်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် (၆၉)နှစ်မြောက် ကရင်ပြည် နယ်ပွဲတော်အတွင်း ထည့်သွင်းပြုလုပ်မည့် မြန်မာပြည်အလွတ်တန်းချန်ပီလုပွဲအတွက် သွေးသစ်ဝင်းလှိုင်ဖြင့် ယှဉ်ပြိုင်ထိုးသတ်ရန် လေ့ကျင့်ပြင်ဆင်နေပြီး နိုဝင်ဘာ ၅ ရက်(မနက်ဖြန်)တွင် ဘားအံမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခု ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာပြည်အလွတ်တန်း ချန်ပီယံဆုသည် ဒုတိယမြောက် အောင်လံလုပွဲတစ်ခုဖြစ်ပြီး၊ ပထမအကြိမ်၌ မန္တလေးသားလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့်ယှဉ် ပြိုင်ထိုးသတ်ရာ ထွန်းထွန်းမင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားနေဟု စီမံဘဏ္ဍာဝန်ကြီးပြော

လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ်သက်ရောက်မှုကြီးမားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂ ၄) အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများအနေဖြင့် စားသောက်ကုန်အမျိုးမျိုးနှင့် စက်သုံးဆီ ဖြန့်ဖြူးမှုများကို မြေပြင်အခြေအနေအပေါ် ထိန်းကျောင်းဆောင်ရွက်သင့်သည့် အစီအမံများ အသေးစိတ်ညှိနှိုင်းဆွေးနွေးကြရန်နှင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကို အကျိုးအမြတ်အတွက် ဈေးကစားခြင်းများ မရှိစေရေး ကြပ်မတ်ထိန်းကျောင်းသွားရန် ပြည်ထောင်စုဝန်ကြီးက...

အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ (၆) ဦး ကို ထုတ်ပြန်

ပြန်ကြားရေး ဝန်ကြီးဌာန အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ စာပေပညာရှင် (၆) ဦးကို နိုဝင်ဘာ (၂၁) ရက်က ထုတ်ပြန်ထားသည်။ အမျိုးသားစာပေ တစ်သက်တာဆုရရှိသူများသည် ဒေါက်တာ မင်းတင်မွန် (ပါရဂူမင်းနန္ဒာ) ၊ ဆရာကြီး ဒေါက်တာ တိုးလှ၊ ဆရာကြီး ဦးညွန့်ဆွေ( မောင်ဆွေသက်)၊ ဆရာကြီး ဒေါက်တာ ကျော်ဝင်း (သမိုင်း)၊ ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ ထားဝယ်) နှင့် ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ...

လာအိုတွင် အရက်အဆိပ်သင့်၍ ခရီးသွားနှစ်ဦး ထပ်မံသေဆုံး

လာအိုနိုင်ငံ Vang Vieng မြို့တွင် အဆိပ်သင့်သော အရက်ကို သောက်သုံးမိရာမှ သြစတြေးလျ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် မိဘတိုင်းအတွက် အိပ်မက်ဆိုးဖြစ်သည်ဟု သြစတြေးလျ ဝန်ကြီးချုပ်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါမြို့တွင်ပင် အရက်အဆိပ်သင့်မှုကြောင့် အမေရိကန်နိုင်ငံသားတစ်ဦးလည်း သေဆုံးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သဖြင့် သေဆုံးသူ လေးဦးအထိ ရှိလာခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ဘီယန်ကာ ဂျုံးစ်သည် လာအိုမြို့တော် ဗီယန်ကျင်းမှ ကားလမ်းခရီးဖြင့် နှစ်နာရီခန့်သွားရသည့် နာမည်ကျော် ခရီးသွားမြို့ Vang Vieng တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071