အင်ဒိုသမ္မတသစ်က ရုရှားနှင့်ဆက်ဆံရေးမြှင့်တင်ရန်ကြိုးပမ်းလျက်ရှိ

0
53
Russia's President Vladimir Putin (L) shakes hands with Indonesia's President-elect Prabowo Subianto as Russia's Foreign Minister Sergei Lavrov (R) looks on during a meeting at the Kremlin in Moscow on July 31, 2024. (Photo by Maxim Shemetov / POOL / AFP)

ဂျကာတာ၊နိုဝင်ဘာ ၄

အင်ဒိုနီးရှားသမ္မတသစ်ပရာဘိုဝိုသည် ရုရှားနှင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိချိန်တွင် နှစ်နိုင်ငံပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခုကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဂျာဗားကျွန်းအရှေ့မြောက်ပိုင်း၌ ပြုလုပ်လျက်ရှိပြီး ရုရှားစစ်သင်္ဘောငယ်များနှင့်အင်ဒိုနီးရှား လက်နက်တပ်ဆင်မှုစနစ်များကိုထည့်လေ့ကျင့်နေပြီး လာမည့်သောကြာနေ့အထိပြုလုပ်သွားမည်ဟုလည်းသိရသည်။

ယခုလေ့ကျင့်မှု ကို တိုက်ပွဲအစစ်ပုံစံမျိုးဖော်ဆောင်လေ့ကျင့်သွားမည်ဖြစ်ပြီး ဆိပ်ကမ်းအဆင့်တိုက်ပွဲပုံစံနှင့် ပင်လယ်ပြင်အဆင့်တိုက်ခိုက်မှုဟူ၍ နှစ်မျိုးထည့်သွင်းလေ့ကျင့်မည်ဟုသိရသည်။

အရှေ့တောင်အာရှ၏ စီးပွားရေးအတောင့်တင်းဆုံးဖြစ်သည့် အင်ဒိုနီးရှားသည် ရုရှား-ယူကရိန်းအရေး၊တရုတ်-အမေရိကအင်အားပြိုင်မှုများတွင် တိတိပပ ရပ်တည်မှုမပြသော်လည်း သမ္မတသစ်ပရာဘိုဝိုသည် ရုရှားနှင့်နှစ်နိုင်ငံဆက်ဆံရေးကို အလေးပေးမြှင့်တင်နေခဲ့သည်။

ပရာဘိုဝိုသည် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူထားချိန်ဖြစ်သော ဇူလိုင်လကလည်း ရုရှားသမ္မတနှင့်တွေ့ဆုံရန် မော်စကိုသို့သွားရောက်ခဲ့ကာ ရုရှားကာကွယ်ရေးဝန်ကြီးနှင့်ပါ တစ်ခါတည်းတွေ့ဆုံခဲ့ပြီး အင်ဒိုနီးရှား၏ ကာကွယ်ရေးစက်မှု လက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရုရှားနည်းပညာဖြင့်ကူညီရန် တောင်းဆိုခဲ့သည်ဟုသိရသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here