ရန်ကုန်လေဆိပ်တွင် Black List စာရင်းမပါသူများကို မှားယွင်းတားဆီးမှုမရှိရေး အလေးထားဆောင်ရွက်ရမည်ဟု ဆို

0
23

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Black List (အမည်မည်းစာရင်း) မပါသူများကို မှားယွင်းတားဆီးမှုမရှိရေး အလေးထားဆောင်ရွက်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ CIP Leunge အစည်းအဝေးခန်းမ၌ ယမန်နေ့ နိုဝင်ဘာ (၄)ရက်ကပြည်ထောင်စုဝန်ကြီးနှင့် လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကိုတွေ့ဆုံစဉ် ထိုသို့မှာ ကြားခဲ့ခြင်း ဖြစ်သည်။

တွေ့စုံစဉ် ပြည်ထောင်စုဝန်ကြီးက အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရန် စနစ်တကျ စိစစ်တားဆီးနိုင်ရေးကိုလည်း အလေးအနက်ထား ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိစေရန်လိုအပ်ပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ထို့ပြင် လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်းအခြေအနေ၊ ရက်လွန်ဒဏ်ကြေးအခငွေ ကောက်ခံဆောင်ရွက်သည့် ကောင်တာနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ သတင်းပို့ကောင်တာ၊ ပြည်ပဆိုက်ရောက်ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် ရောက်ရှိလာသည့် ခရီးသည်များ စစ်ဆေးခွင့်ပြုဆောင်ရွက်သည့် ကောင်တာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here