ကန်အစိုးရသစ်နှင့်ပြည့်စုံသောလုံခြုံရေးမိတ်ဖက်တည်ဆောက်မည်–ဆိုးလ်

0
17
South Korea's President Yoon Suk Yeol speaks with Poland's President Andrzej Duda (not pictured) during a joint press conference at the Presidential Office in Seoul on October 24, 2024. (Photo by JEON HEON-KYUN / POOL / AFP)

အမေရိကန် အစိုးရသစ်နှင့် ပြီးပြည့်စုံသော လုံခြုံရေးမိတ်ဖက်ဆက်ဆံမှု ကို တည်ဆောက်သွားမည်ဟု တောင်ကိုရီးယားသမ္မတရုံးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

သမ္မတ ယွန်းဆွတ်ယိုးလ်သည် လာမည့်ရက်များအတွင်း ရွေးကောက်ခံအမေရိကန်သမ္မတနှင့် ဆွေးနွေးသွားရန် မျှော်လင့်ထားသည်ဟုသမ္မတရုံးအဆင့်မြင့်အရာရှိတစ်ဦးကသတင်းထောက်များကိုပြောကြားခဲ့သည်။

ဆိုးလ်သည် ဒေသတွင်းရှိ အမေရိက၏ ခိုင်မာသော မဟာမိတ်နိုင်ငံဖြစ်ပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားကို ဟန့်တားရန် ကြိုးပမ်းမှု ၏တစ်စိတ်တစ်ဒေသအဖြစ် တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ကို ဖြန့်ကျက်တပ်စွဲထားသည်။

တောင်ကိုရီးယားနှင့် အမေရိကအကြား မဟာမိတ်ဆက်ဆံမှု၏ အရေးပါမှုနှင့် ကမ္ဘာ့အဆင့်တွင် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်မှုကို အမေရိကန်ပြည်ထောင်စုရှိ မည်သည့်နိုင်ငံရေးအစုအဖွဲ့ဘက်ကမှ စောဒတက်မေးခွန်းထုတ်မှုမျိုး မရှိဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

ပြီးခဲ့သောလတွင် ဝါရှင်တန်နှင့် ဆိုးလ်တို့သည် တောင်ကိုရီးယားတွင် အမေရိကန်တပ်များဖြန့်ကျက်ချထားခြင်း ၏ ကုန်ကျစရိတ်ကို ခွဲဝေကျခံမည့်နောက်ငါးနှစ် စီမံကိန်းအသစ်အတွက် သဘောတူခဲ့ကြသည်။ တောင်ကိုရီးယားသည်အမေရိက၏ စစ်အင်အားကို အခမဲ့ခိုစီးနေသည်ဟု အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ၏ ပြီးခဲ့သော သမ္မတသက်တမ်းအတွင်း ပြောဆိုဖူးပြီး အမေရိကန်တပ်များ ကိုဖြန့်ချထားမှုအတွက် တစ်နှစ်ဒေါ်လာ ၅ ဘီလျံပေးအပ်ရမည်ဟု တောင်းဆိုခဲ့သည်။

Ref: ယူအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here