ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး ဉီးသစ်လင်းအုန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်

0
16

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၎င်း၏ ခန့်အပ်လွှာကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတထံ ပေးအပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင် နန်းတော်၌ နိုဝင်ဘာ (၅) ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်ထံသို့ သံအမတ်ကြီး ဦးသစ်လင်းအုန်းက ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here