Sunday, January 5, 2025

တနင်္သာရီ- မော့တောင် – ဘုတ်ပြင်းလမ်းပိုင်းခရီးသွားလာသူများ...

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ - မော့တောင် - ဘုတ်ပြင်းလမ်းပိုင်း ခရီးသွားလာသူများအနေဖြင့် မိုင်းအန္တရာယ် အထူးဂရုပြုရန် ‌ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ယမန်နေ့ ဇန်နဝါရီ(၄)ရက်၌...

ရိုးရာဖိုက်တာ နော်ဥမ္မာစိုး ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ...

Tiger Muay Thai Gym သို့ ရောက်ရှိနေသည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ Ka rolina Lisowska...

စင်္ကာပူ၌ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်တည်ဆောက်မည်

စင်္ကာပူ၊ဇန်နဝါရီ ၄ စင်္ကာပူနိုင်ငံ၌ ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်ရန်လျာထားသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ “စွမ်းအင်ဝယ်လိုအားမြင့်တက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေအတွက် စွမ်းအင်ပေးနိုင်ဖို့...

စမ်းချောင်း ဖျာပုံလမ်းတွင်ဖောက်ခွဲမှုအပါအဝင် ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူများကိုပစ်ခတ်မှုနှင့်မိုင်းထောက်ဖောက်ခွဲမှုပြုလုပ်သူ(၈)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်း၌ ဖောက်ခွဲမှုအပါအဝင် ရန်ကုန်တိုင်းရှိ မြို့နယ်များအတွင်းမှ အုပ်ချုပ်ရေးတာဝန်ရှိသူများကိုပစ်ခတ်မှုနှင့်မိုင်းထောက်ဖောက်ခွဲမှုပြုလုပ်သူ(၈)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ရန်ကုန်တိုင်းရှိ စမ်းချောင်း၊ အင်းစိန်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့တွင်...
HomeInternationalဘိုင်ဒင်နှင့်ကင်မ်မလာတို့ ထရမ့်ပ်ကို ဂုဏ်ပြုစကားဆိုခဲ့ကြ

ဘိုင်ဒင်နှင့်ကင်မ်မလာတို့ ထရမ့်ပ်ကို ဂုဏ်ပြုစကားဆိုခဲ့ကြ

ဝါရှင်တန်၊နိုဝင်ဘာ ၆

ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းဖြစ်သကဲ့သို့ လက်ရှိ အမေရိက၏ ဒုတိယ သမ္မတလည်းဖြစ်သည့် ကင်မ်လာဟားရစ်က ရီပတ်ဘလစ်ကန်ပါတီ၏ အနိုင်ရသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ရွေးကောက်ပွဲအနိုင်ရမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့သည်ဟုသိရသည်။

အလားတူပင် ဒီမိုကရက်တစ်၏လက်ရှိသမ္မတဖြစ်သည့် ဂျိုးဘိုင်ဒင်ကလည်း အနိုင်ရသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟုသိရသည်။

ဆက်လက်၍ သမ္မတဘိုင်ဒင်က ရာထူးလွှဲပြောင်းမည့်ကာလအထိ ချောချောမွေ့မွေ့ပြီးဆုံးစေရန် ကတိပြုပြောကြားခဲ့ပြီး နိုင်ငံတိုးတက်ရေးအတွက် အတူတူလက်တွဲဆောင်ရွက်ဖို့အရေးကြီးသည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းနောက် ရွေးကောက်ခံသမ္မတကို အိမ်ဖြူတော်သို့ဖိတ်ကြားထားသည်ဟုလည်းသိရပြီး ရက်အတိအကျကို ဝန်ထမ်းများကဆက်လက်ဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်က ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဒုတိယသမ္မတကင်မ်မလာဟားရစ်ကိုပါ ဖုန်းခေါ်ဆိုခဲ့ပြီး ရွေးကောက်ပွဲအနိုင်မရခဲ့သော်လည်း ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးအ‌နေဖြင့် ၎င်း၏ကြိုးပမ်းအားထုတ်မှုနှင့် သမိုင်းဝင်မဲဆွယ်စည်းရုံးနိုင်မှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူသည်ဟုဆိုခဲ့သည်။

ဒုတိယ သမ္မတကင်မ်လာဟားရစ်သည် ၎င်း၏ အမိတက္ကသိုလ်ဖြစ်သည့် ဟောင်းဝါ့ဒ်တက္ကသိုလ်၌ နိုဝင်ဘာ ၇ ရက်တွင် မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တနင်္သာရီ- မော့တောင် – ဘုတ်ပြင်းလမ်းပိုင်းခရီးသွားလာသူများ မိုင်းအန္တရာယ် အထူးဂရုပြုရန် သတိပေး

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ - မော့တောင် - ဘုတ်ပြင်းလမ်းပိုင်း ခရီးသွားလာသူများအနေဖြင့် မိုင်းအန္တရာယ် အထူးဂရုပြုရန် ‌ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ယမန်နေ့ ဇန်နဝါရီ(၄)ရက်၌ သတိပေးထားနှိုးဆော်ထားသည်။ အဆိုပါ လမ်းပိုင်းအတွင်းရှိ ကျေးရွာများ၌ နှစ်ဘက်ထိတွေပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ မိုင်းထောင်ထားခြင်းများလည်းရှိနေသည့်အတွက် နေရာတိုင်းသတိထားသွားလာကြရန် တိုက်တွန်းထားသည်။ အလားတူ မြိတ် - တနင်္သာရီ လမ်းပိုင်းတွင်လည်းခရီးသွားပြည်သူများ လမ်းဘေး အပေါ့အပါးသွားလာခြင်းမျိုးမပြုကြရန်နှိုးဆော်ထားသည်။ ယင်း လမ်းပိုင်းအတွင်း ည(၆)နာရီကျော်ပါက ဖြတ်သန်းမောင်နှင်ခြင်းမပြုကြရန်နှင့် အဆိုပါ လမ်းပိုင်းပေါ်ရှိ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ညောင်ပင်ကုန်းရှာနှင့် ဘန်းလမွတ်ရွာတို့မှ တိုက်ပွဲဖြစ်ပွားရာနယ်မြေများဖြစ်သည်ဟု သတိပေးထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း တနင်္သာရီတိုင်း၌...

ရိုးရာဖိုက်တာ နော်ဥမ္မာစိုး ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည်

Tiger Muay Thai Gym သို့ ရောက်ရှိနေသည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ Ka rolina Lisowska တို့ ဇန်နဝါရီ(၉)ရက် ညပိုင်းတွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်ကို ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ Patong Fight Night ချန်ပီယံခါးပတ်လုပွဲစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။ ပွဲစဉ်နှင့်ပတ်သက်၍ နော်ဥမ္မာစိုးက "ပွဲက(၉)ရက်နေ့ Phuket မှာရှိမယ် အားပေးကြပါဦး"ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။ ပွဲစဉ်ကို Patong Fight Night...

စင်္ကာပူ၌ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်တည်ဆောက်မည်

စင်္ကာပူ၊ဇန်နဝါရီ ၄ စင်္ကာပူနိုင်ငံ၌ ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်ရန်လျာထားသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ “စွမ်းအင်ဝယ်လိုအားမြင့်တက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေအတွက် စွမ်းအင်ပေးနိုင်ဖို့ လုံလောက်တဲ့စွမ်းအင်ထုတ်စနစ်ရှိဖို့က အရေးကြီးပါတယ်၊အခုစတင်အကောင်အထည်ဖော်တဲ့စနစ်ဟာ ကာဗွန်အထွက်နည်းတဲ့ စွမ်းအင်ထုတ်လုပ်ရေးအနာဂတ်ကိုကူးပြောင်းဖို့ဖြစ်ပါတယ်” ဟုဆက်လက်ပြောကြားခဲ့သည်။ စင်္ကာပူအခြေစိုက် လျှပ်စစ်လက်လီရောင်းချသူ Pacific Light Power က လုပ်ဆောင်မည့် ယခုစက် ရုံသည် အနည်းဆုံး ၆၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟုလည်းသိရသည်။ စင်္ကာပူအနောက်တောင်ပိုင်းရှိ ဂျူရွန်ကျွန်းတွင်တည်ဆောက်မည့်အဆိုပါစက်ရုံသည် စတင်ချိန်၌ ဟိုက်ဒရိုဂျင် ၃၀ ရာခိုင်နှုန်းနှင့်စတင်လည်ပတ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဟိုက်ဒရိုဂျင်ကိုသာ ရာနှုန်းပြည့်သုံးစွဲလည်ပတ်သွားနိုင်ရန်အစီအစဉ်ပြုလုပ်ထားကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။ စင်္ကာပူ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071