Friday, December 27, 2024

လာအိုနှင့်ထိုင်းတို့ကမူးယစ်တိုက်ဖျက်ရေးပူးပေါင်းကြိုးပမ်းရန်ကတိပြု

ဗီယန်ကျင်း၊ဒီဇင်ဘာ ၂၆ လာအိုနှင့်ထိုင်းအစိုးရတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းတွင်ပြုလုပ်သည့်အကြိမ် ၂၀ မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ...

မြန်မာများဝင်နေကြ၍ မဏိပူရအစိုးရက ဗဟိုအစိုးရထံအကူအညီတောင်း

မဏိပူရ၊ဒီဇင်ဘာ ၂၇ မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရသည် နယ်စပ်ဒေသများကိုတင်းကြပ်စွာ စီမံခန့်ခွဲရန်အတွက် နိုင်ငံ‌ေတာ်၏ ယန္တရားကို အပြည့်အဝ အသုံးပြုရန် ဗဟိုအစိုးရထံ တောင်းဆိုထားကြောင်းပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ နယ်စပ် ၁၀...

ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား၌...

ထိုင်း- မြန်မာ နယ်စပ်ရှိ တာချီလိတ် - မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ တာချီလိတ်မှ ထိုင်းနိုင်ငံတွင်း သွားရောက်ရန် အဖြူရောင်ကတ်...

ဆင်အမွှာ ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လပြည့်မွေးနေ့ပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ ဝင်္ဂဘော်ဆင်စခန်းတွင် မွေးဖွားခဲ့သည့် ဆင်အမွှာမောင်နှမ ဖြစ်သည့် ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လ ပြည့်မွေးနေ့ပွဲကို ယမန်နေ့ ဒီဇင်ဘာ (၂၆)ရက်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal NewsMNA မှ ရန်ကုန်-ပုသိမ်...

MNA မှ ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦး ခရီးစဉ် အပတ်စဉ်ပြေးဆွဲမည်

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦး ခရီးစဉ် အပတ်စဉ်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ယင်းခရီးစဉ်များအနက် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများသို့ သွားရောက်ကြမည့် ခရီးသည်များအတွက် နိုဝင်ဘာလအတွင်း ရန်ကုန်-ပုသိမ် ခရီးစဉ်ကို အပတ်စဉ်တနင်္ဂနွေနေ့များဖြစ်သည့် ၁၀၊ ၁၇၊ ၂၄ ရက်တို့တွင်လည်းကောင်း၊ ပုဂံဘုရားဖူးထွက်လိုသော ခရီးသည်များအတွက် ရန်ကုန်-ညောင်ဦး ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များဖြစ်သည့် ၁၃၊ ၂၀၊ ၂၇ ရက်နှင့် ညောင်ဦး-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့များဖြစ်သည့် ၁၁၊ ၁၈၊ ၁၅ ရက်တို့တွင် လည်းကောင်း ပြေးဆွဲရန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီစဉ်ထားရှိထားသည်ဟု သိရသည်။

ရန်ကုန်-ပုသိမ် ခရီးစဉ်သည် ရန်ကုန်မှ နံနက် (၁၁) နာရီခွဲတွင် ထွက်ခွာ၍ ပုသိမ်သို့ မွန်းလွဲ (၁၂) နာရီ (၁၀) မိနစ်တွင် လည်းကောင်း၊ ရန်ကုန်-ညောင်ဦး ခရီးစဉ်သည် ရန်ကုန်မှ နံနက် (၆) နာရီ (၁၅) မိနစ်တွင် ထွက်ခွာ၍ ညောင်ဦးသို့ နံနက် (၇) နာရီ (၃၅)မိနစ်တွင် လည်းကောင်း၊ ညောင်ဦး-ရန်ကုန်ခရီးစဉ်သည် ညောင်ဦးမှ ညနေ (၅) နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ ည (၇) နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် ဈေးနှုန်းများကို ရန်ကုန်-ပုသိမ် ခရီးစဉ် အသွားတစ်ကြောင်းစာ ၁၆၀၀၀၀ ကျပ်၊ ရန်ကုန် – ညောင်ဦး ခရီးစဉ် အသွားတစ်ကြောင်းစာ ၂၉၀၀၀၀ ကျပ်နှင့် ညောင်ဦး-ရန်ကုန် ခရီးစဉ် အသွားတစ်ကြောင်းစာ ၂၇၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ခရီးစဉ်အား ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုနှင့်ထိုင်းတို့ကမူးယစ်တိုက်ဖျက်ရေးပူးပေါင်းကြိုးပမ်းရန်ကတိပြု

ဗီယန်ကျင်း၊ဒီဇင်ဘာ ၂၆ လာအိုနှင့်ထိုင်းအစိုးရတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းတွင်ပြုလုပ်သည့်အကြိမ် ၂၀ မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လာအို - ထိုင်း ဝန်ကြီးအဆင့်အစည်းအဝေးသို့ နှစ်နိုင်ငံတာဝန်ရှိသူများတက်‌ရောက်ဆွေးနွေးခဲ့ကြောင်း လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ညှိနှိုင်းဆောင်ရွက်ခြင်း၊သတင်းမျှဝေခြင်း၊ပူးပေါင်းထောက်လှမ်းရေး၊စုံစမ်းစစ်ဆေးခြင်းနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုင်ရာယန္တရားများကိုအဆင့်အားလုံး၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြန်လည်သုံးသပ်ပြီး အဆိုပါကြိုးပမ်းမှုများကို ပိုမိုထိရောက်စေရန်ဖော်ဆောင်သွားမည်ဟုလည်းပြောကြားခဲ့သည်။ လာအိုနှင့်ထိုင်းကိုယ်စားလှယ်အဖွဲ့များက နယ်စပ်ပြည်နယ်များနှင့်ဒေသများရှိ မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံးများအကြား ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေကာ လာအို - ထိုင်းနယ်စပ်တစ်လျှောက် မူးယစ်ကင်းစင်သောကျေးရွာများ ဖန်တီးသွားမည်ဟုလည်းကတိပြုခဲ့ကြသည်။ Source : ရှင်းဟွာ

မြန်မာများဝင်နေကြ၍ မဏိပူရအစိုးရက ဗဟိုအစိုးရထံအကူအညီတောင်း

မဏိပူရ၊ဒီဇင်ဘာ ၂၇ မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရသည် နယ်စပ်ဒေသများကိုတင်းကြပ်စွာ စီမံခန့်ခွဲရန်အတွက် နိုင်ငံ‌ေတာ်၏ ယန္တရားကို အပြည့်အဝ အသုံးပြုရန် ဗဟိုအစိုးရထံ တောင်းဆိုထားကြောင်းပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ နယ်စပ် ၁၀ ကီလိုမီတာအတွင်း မြန်မာနိုင်ငံသားများကို ဝင်ရောက်ခွင့်ပြုသည့် ညွှန်ကြားချက်မှာ ကြားဖြတ်အစီအစဉ်သာဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဗဟိုအစိုးရက ပြည်နယ်အစိုးရထံ တရားဝင်ဆက်သွယ်လာမှုမရှိသေးသော်လည်း လွတ်လပ်စွာ ရွေ့လျားသွားလာမှု စနစ် ကိုထိန်းညှိနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံသို့ဝင်ရောက်ရန်ကြိုးပမ်းနေသည့်မြန်မာနိုင်ငံသားများအတွက် ဗီဇာနှင့်နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည့်အစီအစဉ်ရှိသည်ဟုလည်းပြောကြားခဲ့သည်။ သို့သော် နှစ်နိုင်ငံနယ်စပ် ၁၀ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာခွင့် စနစ်ကိုမရုတ်သိမ်းရန် ပြည်နယ်အများစု၏တောင်းဆိုမှုများလည်းရှိနေသဖြင့် ဗဟိုအစိုးရက ယခုပြဿနာကို မျှမျှတတကိုင်တွယ်လိမ့်မည်ဟုလည်းဆိုခဲ့သည်။ Source :...

ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား၌ အဖြူရောင်ကတ် ပြုလုပ်သူ များပြား

ထိုင်း- မြန်မာ နယ်စပ်ရှိ တာချီလိတ် - မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ တာချီလိတ်မှ ထိုင်းနိုင်ငံတွင်း သွားရောက်ရန် အဖြူရောင်ကတ် ပြုလုပ်သူများပြားနေကြောင်း သိရသည်။ အဆိုပါ အဖြူရောင်ကတ် ရရှိပါက ထိုင်းနိုင်ငံတွင်း (၁၄)ရက်သွားလာခွင့်ရရှိမည်ဖြစ်ကာ အဖြူရောင်ကတ်အသစ် ပြုလုပ်သူ အလွန်များပြားနေသော ကတ်ထုတ်ပေးသူများ မနိုင်မနင်းဖြစ်ပေါ်နေကြောင်းလည်း သိရသည်။ အဖြူရောင်ကတ်တွင် ကိုယ်ရေးအချက်အလက်ဖြည့်ခြင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေယူ၊ ကတ်အသစ်ထုတ်ပေးခြင်းများကို တခါတည်းအပြီး ပြုလုပ်ပေးနေပြီး ကတ်အတွက်ဘတ် (၂၀) ပေးသွင်းရကြောင်း သိရသည်။ ထို့ပြင် ကားနှင့် ဆိုင်ကယ်များအတွက်ကိုလည်း ကူးသန်းလျက်ရှိသည့် ဆိုင်ကယ်စာရွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071