Thursday, November 14, 2024

Creating liberating content

ဘီအာရ်အိုင်စီမံကိန်းက ကမ္ဘောဒီးယားနှင့်အာဆီယံနိုင်ငံများ၏အသက်မွေးဝမ်းကြောင်းပညာရေးကို‌အထောက်အပံ့ဖြစ်

ဖ‌‌နောင်ပင်၊နိုဝင်ဘာ ၁၃ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းမ(ဘီအာရ်အိုင်) စီမံကိန်းသည် ကမ္ဘောဒီးယားနှင့်အာဆီယံနိုင်ငံများ၏ သက်မွေးဝမ်းကြောင်းပညာနှင့် လေ့ကျင့်ရေးစနစ်မျာ၏ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုကြောင်း ကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ ဘီအာရ်အိုင် သည် ကမ္ဘောဒီးယားနှင့် အခြားအာဆီယံနိုင်ငံများတွင် အခြေခံအဆောက်အဦများ၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ဒေသလိုအပ်ချက်များနှင့်ကိုက်ညီသည့်...

ညစ်ည-မ်းစာများဖော်ပြသည့် ပုံနှိပ်တိုက်နှင့် ထုတ်ဝေသူကို အရေးယူထား

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ (၈)၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ညစ်ည-မ်းစာများဖော်ပြသည့်ပုံနှိပ်တိုက်နှင့် ထုတ်ဝေသူကို...

MNA မှ ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့်...

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦး ခရီးစဉ် အပတ်စဉ်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ယင်းခရီးစဉ်များအနက် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများသို့ သွားရောက်ကြမည့် ခရီးသည်များအတွက်...

Myanmar PM met Cambodian and...

SAC Chair Prime Minister Senior General Minn Aung Hlaing who was in Kunming...
HomeNewsLocal Newsလုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ...

လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်နေ

ပြည်သူလူထုအနေဖြင့် လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀(င)အရ ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် သန့်ရှင်းကောင်းမွန်ပြီး လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေးကို အဓိကဦးတည်ချက်ထားလျက် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံအတွင်း ဟောင်းနွမ်းစုတ်ပြဲနှင့် ချွတ်ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရေးနှင့် ပြည်သူများအကြား ငွေစက္ကူကိုင်တွယ်အသုံးပြုမှုပုံစံ မှန်ကန်ပြီး အလွယ်တကူမပျက်စီးစေရေးအတွက် အသိပညာပေးဆောင်ရွက်ရာတွင် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဘဏ်များ၏အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ပြင် အများပြည်သူ ကိုင်တွယ်သုံးစွဲငွေများတွင် သစ်လွင်သန့်ရှင်းကောင်းမွန်သော ငွေစက္ကူများကို လည်ပတ်သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ချက်များ၊ ငွေစက္ကူအတုနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် သတိပြုလျက် ကာကွယ်ဆောင်ရွက်ရန် အချက်များအပါအဝင် ဘဏ်များမှ အထူးအလေးဂရုပြု ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုသည့် အချက်များ စသည်တို့ကို အစည်းအဝေးသို့တက်ရောက်လာသူများက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Get notified whenever we post something new!

spot_img

Create a website from scratch

Just drag and drop elements in a page to get started with Newspaper Theme.

Continue reading

ဘီအာရ်အိုင်စီမံကိန်းက ကမ္ဘောဒီးယားနှင့်အာဆီယံနိုင်ငံများ၏အသက်မွေးဝမ်းကြောင်းပညာရေးကို‌အထောက်အပံ့ဖြစ်

ဖ‌‌နောင်ပင်၊နိုဝင်ဘာ ၁၃ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းမ(ဘီအာရ်အိုင်) စီမံကိန်းသည် ကမ္ဘောဒီးယားနှင့်အာဆီယံနိုင်ငံများ၏ သက်မွေးဝမ်းကြောင်းပညာနှင့် လေ့ကျင့်ရေးစနစ်မျာ၏ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုကြောင်း ကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ ဘီအာရ်အိုင် သည် ကမ္ဘောဒီးယားနှင့် အခြားအာဆီယံနိုင်ငံများတွင် အခြေခံအဆောက်အဦများ၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ဒေသလိုအပ်ချက်များနှင့်ကိုက်ညီသည့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ပေးခြင်းဖြင့် သိသိသာသာပံ့ပိုးပေးခဲ့သည်ဟုလည်း ကမ္ဘောဒီးယားပညာရေး၊လူငယ်နှင့်အားကစားဝန်ကြီးဌာနအတွင်းဝန်ကပြောကြားခဲ့သည်။ ဘီအာရ်အိုင်သည် ဆောက်လုပ်ရေး၊အင်ဂျင်နီယာနှင့် ပို့ဆောင်ရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းသားလိုအပ်ချက်တိုးမြင့်လာစေရန် ကျွမ်းကျင်လုပ်သားလိုအပ်သည့် အကြီးစားအခြေခံအဆောက်အဦစီမံကိန်းများကို ရန်ပုံငွေပံ့ပိုးပေးခြင်းဖြင့် အထောက်အပံ့ဖြစ်စေခဲ့သည်ဟုလည်း၎င်းကဆိုသည်။ ကမ္ဘောဒီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ဘီအာရ်အိုင် စီမံချက်များကို ဒေသတွင်းအလုပ်သမားဥပ‌ဒေ နှင့် သဘာဝပတ်ဝန်းကျင်ဥပဒေများနှင့် ချိန်ညှိလုပ်ဆောင်ခြင်းဖြင့် အိမ်ရှင်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ရလဒ်များလည်းပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ Source : ရှင်းဟွာ

ညစ်ည-မ်းစာများဖော်ပြသည့် ပုံနှိပ်တိုက်နှင့် ထုတ်ဝေသူကို အရေးယူထား

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ (၈)၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ညစ်ည-မ်းစာများဖော်ပြသည့်ပုံနှိပ်တိုက်နှင့် ထုတ်ဝေသူကို အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ (၈) ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှ တ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့်...

MNA မှ ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦး ခရီးစဉ် အပတ်စဉ်ပြေးဆွဲမည်

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦး ခရီးစဉ် အပတ်စဉ်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ယင်းခရီးစဉ်များအနက် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများသို့ သွားရောက်ကြမည့် ခရီးသည်များအတွက် နိုဝင်ဘာလအတွင်း ရန်ကုန်-ပုသိမ် ခရီးစဉ်ကို အပတ်စဉ်တနင်္ဂနွေနေ့များဖြစ်သည့် ၁၀၊ ၁၇၊ ၂၄ ရက်တို့တွင်လည်းကောင်း၊ ပုဂံဘုရားဖူးထွက်လိုသော ခရီးသည်များအတွက် ရန်ကုန်-ညောင်ဦး ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များဖြစ်သည့် ၁၃၊ ၂၀၊ ၂၇ ရက်နှင့် ညောင်ဦး-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့များဖြစ်သည့် ၁၁၊ ၁၈၊ ၁၅ ရက်တို့တွင် လည်းကောင်း...

Enjoy exclusive access to all of our content

Get an online subscription and you can unlock any article you come across.