Friday, November 15, 2024

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၌...

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်တော်ဝ တ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ဒုတိ ယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲအား နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းကကျင်းပရာ ရက်ကန်းစင်တော်(၁၅)ခုက...

မန္တလေး မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်များကို...

"ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်များကို ပထမအကြိမ်အဖြစ် ဒါနပြုလှူဒါန်းသွားမည်ဖြစ်သည်။ အဆိုပါ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်သည် အမျိုးသမီးများဖူးမျှော်ခွင့်မရနိုင်သည့်နေရာဖြစ်ကာ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရုပ်ပွားတော်မြတ်ကြီးဂေါပကအဖွဲ့ထံ အကူအညီတောင်း၍...

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု...

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး နိုင်ငံတကာ ဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု...

ထိုင်းရောက် အစ္စရေးနိုင်ငံသားများ သတိရှိရှိနေထိုင်ကြရန် တိုက်တွန်း

ထိုင်းနိုင်ငံရှိ အစ္စရေးနိုင်ငံသားအနေဖြင့် လာမည့်သောကြာနေ့တွင် ကျရောက်မည့် ကော့ဖငံ လပြည့်ပွဲတော်ကာလအတွင်း ပစ်မှတ်ထားခံရနိုင်သည့် သတင်းများထွက်ပေါ်နေမှုကြောင့် သတိရှိရှိ နေထိုင်ကြရန် အစ္စရေးအာဏာပိုင်များက အကြံပြုခဲ့သည်ဟု တိုင်မ်းစ်...
HomeNewsLocal Newsရေနံချက်စက်ရုံများနှင့် ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့်...

ရေနံချက်စက်ရုံများနှင့် ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ လုပ်ဆောင်ရန် တရုတ်နှင့် မြန်မာ ဆွေးနွေး

ပြည်တွင်းရှိ ရေနံချက်စက်ရုံများနှင့် ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများလုပ်ဆောင်ရန်အတွက် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ (၁၁) ရက်က ပေကျင်းမြို့ရှိ China National Petroleum Corporation (CNPC) ၏ ဧည့်ခန်းမဆောင်၌ CNPC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးစဉ် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်း စီမံကိန်းများအတွက်လိုအပ်သည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိနိုင်ရေး၊ မြန်မာနှင့် တရုတ်နှစ်နိုင်ငံလုံးသည် သဘာဝဓာတ်ငွေ့လိုအပ်ချက်များရှိနေ၍ မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီးရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့ပြင် မြန်မာ – တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းရည်အပြည့် အသုံးပြုနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်းများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ (၁၂) ရက်တွင် ပေကျင်းမြို့ရှိ အမျိုးသား စွမ်းအင်အုပ်ချုပ်မှုအဖွဲ့ (National Energy Administration-NEA)၏ အစည်းအဝေးခန်းမဆောင်၌ ဒုတိယအကြီးအကဲ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ၊ စွမ်းအင်ဖူလုံမှုနှင့်လုံခြုံမှုအတွက် နှစ်နိုင်ငံဆောင်ရွက်နေသည့် အခြေအနေများ၊ Green Energy နှင့် New Energy များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရအချက်အချာကျသည့် အားသာချက်ကိုရယူ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရုတ်နိုင်ငံမှ ဆောင်ရွက်ပေးနိုင်သည့် အခွင့်အ လမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Get notified whenever we post something new!

spot_img

Create a website from scratch

Just drag and drop elements in a page to get started with Newspaper Theme.

Continue reading

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၌ နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ ရက် ကန်းစင်တော်(၁၅)ခုရက်လုပ်နေ

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်တော်ဝ တ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ဒုတိ ယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲအား နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းကကျင်းပရာ ရက်ကန်းစင်တော်(၁၅)ခုက ရက်လုပ်လျက်ရှိသည်။ အဆိုပါ ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲဖွင့်ပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းကို တီးခတ်အချက် ပေးရာ ရက်ကန်းအဖွဲ့(၁၅)ဖွဲ့မှ သက်ဆိုင်ရာ ရက်ကန်းစင်တော်များ၌ မသိုးရွှေကြာသင်္ကန်းတော်များကို စတင်ရက်လုပ်ရာ တက်ရောက်လာကြသူများက မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကိုတစ်ပြိုင်နက်လွှတ်တင်ခဲ့ကြသည်။ ထို့အတူ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ...

မန္တလေး မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်များကို ပထမအကြိမ်အဖြစ် ဒါနပြုလှူဒါန်းမည်

"ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်များကို ပထမအကြိမ်အဖြစ် ဒါနပြုလှူဒါန်းသွားမည်ဖြစ်သည်။ အဆိုပါ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်သည် အမျိုးသမီးများဖူးမျှော်ခွင့်မရနိုင်သည့်နေရာဖြစ်ကာ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရုပ်ပွားတော်မြတ်ကြီးဂေါပကအဖွဲ့ထံ အကူအညီတောင်း၍ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ " မဟာမြတ်မုနိရုပ်ပွားတော်ရဲ့နောက်ကျောတော်ကို မြတ်စွာဘုရားရှင်က လက်တော်နဲ့သပ်ပြီးရင်ငွေ့လှုံပေးခဲ့တယ်လို့ ဆိုရိုးစကားကြားဘူးခဲ့တယ်။ အဲဒီ နောက်ကျောတော်နေရာက အမျိုးသမီးတွေဖူးမျှော်ခွင့်မရနိုင်တဲ့နေရာပါ။ အခုက ပထမအကြိမ်လှူဒါန်းတာဖြစ်တဲ့အတွက် အဝေးရောက် ဓမ္မမိတ်ဆွေတွေကိုလှူဒါန်းပေးနိုင်ခြင်းတော့မရှိသေးပါဘူး"ဟု ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်ကပြောသည်။ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရိုက်ကူးရရှိခဲ့သည့် မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်(၁၀၀)အား နေပြည်တော်တွင် နေ့စဥ် နံနက်/ညနေ ကျွေးမွေးလှူဒါန်းလျက်ရှိသည့် "ထိုက်သူပန်"အာဟာရဒါနအလှူနေရာသို့ လာရောက်သူများနှင့် "ထိုက်သူပန်"တိုင်းရင်းဆေးကိုယ်စားလှယ်များကို လှူဒါန်းပေးသွားမည်ဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု တားဆီးကာကွယ်ရေး နှစ်နိုင်ငံဆွေးနွေး

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး နိုင်ငံတကာ ဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက ပြောကြားလိုက်သည်။ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ(၁၃)ရက်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၉) ရက်က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့်...

Enjoy exclusive access to all of our content

Get an online subscription and you can unlock any article you come across.