ကျန်းမာရေးအခမဲ့ဆွေးနွေးခြင်းအစီအစဥ်ရဲ့ ၃ နှစ် မြောက်သက်တမ်းတိုးလက်မှတ်ရေးထိုးခြင်းနဲ့ သိန်း၁၀၀ ကျပ်တန်ဖိုးရှိဆေးကုသခွင့် အပါအဝင်အခြားဆုများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ အက်တမ် ရုံးချုပ် မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲ အခမ်းအနားနဲ့ပတ်သက်ပြီး အက်တမ် ရဲ့ CCAO ဖြစ်သူဦးသိန်းဟုတ်က
” အက်တမ် အနေနဲ့ ယနေ့အထိ အခမဲ့ Telemedicine ကျန်းမာရေး စောင့်ရှောက်ခြင်း ဝန်ဆောင်မှုအတွက် မြန်မာကျပ်ငွေ သန်း ၂၀၀ နီးပါး အသုံးပြုခဲ့ပါတယ်။ Trust Oo Co. Ltd. နဲ့မိတ်ဖက် အဖြစ်ဆက်လက် ပူးပေါင်းဆောင်ရွက်ရတဲ့အတွက်လည်းဝမ်းသာမိပါတယ်။ Telemedicine အစီစဥ်ဟာ အက်တမ် သုံးစွဲသူတွေအတွက် အခမဲ့ ဖြစ်တာမို့ ဒီအခွင့်အရေးကို အသုံးချပြီး “၇၈၈၇ ” ကိုအချိန်မရွေး ဖုန်းခေါ်ဆိုပြီး အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို ရယူဖို့တိုက်တွန်းချင်ပါတယ်” လို့ပြောပါတယ်။
အက်တမ် အနေနဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၂ သိန်းကျော်အတွက် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များ အခမဲ့ ပေးနိုင်ရန်ရည်ရွယ်ပြီးမြန်မာကျပ်ငွေသန်း၂၀၀ နီးပါးရင်းနှီး မြှုပ်နှံပေးခဲ့တာဖြစ်ပါတယ်။
Telemedicine အစီအစဥ်ဟာ အက်တမ် ရဲ့ လူမှု အကျိုးပြုအစီစဥ်တစ်ခုဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများနဲ့အလှမ်းဝေးတဲ့ အခြေခံလူတန်းစားများအတွက် ရည်ရွယ်ပြီး တယ်လီဖုန်းမှတဆင့် ၂၄ နာရီ ပိတ်ရက်မရှိ၊ အကန့်အသတ်မရှိ၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများဆွေးနွေးတိုင်ပင်ခြင်းများကိုအဆက်မပြတ်ဝန်ဆောင်မှုများပေးနေကြောင်းသိရပါတယ်။
အလုပ်လုပ်ရန်အကောင်းဆုံးလုပ်ငန်းခွင်(Great Place to Work®) အသိအမှတ် ပြုလက်မှတ်ရ အဖွဲ့အစည်းတစ်ခုသည့် အက်တမ် သည် လူမှုအသိုင်းအဝိုင်းကို ဦးစားပေးခြင်း (People-First) ဆိုတဲ့ ၎င်းရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုအတိုင်း လုပ်ဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲ့ထိပ်တန်းဆက်သွယ်ရေး လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။