ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲတွင် ဘာသာရေးအသင်းအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း(၉)သင်းက ယှဉ်ပြိုင်ရက်လုပ်မည်ဖြစ်ပြီး ရရှိလာသည့်ပိတ်သားပြင်အား အထည် အလိပ်ဆိုင်ရာပညာရှင်များက စစ်ဆေးအမှတ် ပေးကာ ဆုအဆင့်ခွဲခြားသတ်မှတ်၍ ယနေ့ နိုဝင်ဘာ ၁၄ ရက်ည ၁၂ နာရီခွဲ၌ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ထို့ပြင် ယင်း ပိတ်စများအား ဝိနည်းတော်နှင့် အ ညီ ညတွင်းချင်းချုပ်လုပ်ပြီး မနက်ဖြန် နိုဝင်ဘာ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့) အရုဏ်မတက်မီအချိန်တွင် သတ်မှတ်ရုပ်ပွားတော်များအားကပ်လှူပူဇော်သွားမည်ဖြစ်သည်။
ဆုများချီးမြှင့်ရာ၌ ပထမဆုရရှိသည့်အသင်းအား ငွေကျပ်(၂၇)သိန်း၊ ဒုတိယဆုရရှိသည့်အသင်းအား ငွေကျပ်(၂၅)သိန်း၊ တတိယဆုရရှိသည့်အသင်းအား ငွေကျပ်(၂၃)သိန်း၊ စတုတ္ထဆုရရှိသည့်အသင်းအား ငွေကျပ်(၂၁)သိန်းနှင့် နှစ်သိမ့်ဆု (၅)ဆုအတွက် တစ်ဆုလျင် ငွေကျပ် (၁၀)သိန်းစီ ချီးမြှင့်သွားမည်ဖြစ်သည်။