ပေကျင်း၊နိုဝင်ဘာ ၁၄
တရုတ်နှင့်ရုရှားတို့သည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ၉ ကြိမ်မြောက် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ပေကျင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ယင်းအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ (စီပီစီ) ၏အကြီးတန်းအရာရှိ ချန်ဝမ်ချင်းက ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူနှင့် ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟုသိရသည်။
မစ္စတာချန်က မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးသော သဘောတူညီချက်များ ဆက်တိုက်ရရှိခဲ့သကဲ့သို့ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးခေတ်သစ်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေးသည်လည်း စဉ်ဆက်မပြတ်ဆက်လက်ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ဟုပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်မြောက်နှစ်လည်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး ယန္တရားကို စတင်တည်ထောင်ပြီးကတည်းက နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများအနေဖြင့် နိုင်ငံရေးလုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် တရားစီရင်ရေးဆိုင်ရာအကူအညီများကို နီးကပ်စွာပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လက်တွေ့ကျသောရလဒ်များကိုလည်းရရှိခဲ့ကြောင်းပြောကြားခဲ့သည်။
ရုရှားဘက်ကလည်း နှစ်နိုင်ငံလုံး၏လုံခြုံရေး အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာကာကွယ်ရန် တရုတ်နိုင်ငံနှင့် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့်တိုးမြှင့်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ