နူးဒေလီ၊နိုဝင်ဘာ ၁၄
ကြာသပတေးနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံမြို့တော်နှင့် ဆင်ခြေဖုံးများတွင် မီးခိုးမြူများ ဖုံးလွှမ်းသွားခဲ့ပြီး လေယာဉ်ခရီးစဉ်များနှင့် ရထားအချိန်များကို ရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။
ခရီးသည်များအနေဖြင့်လည်း လေကြောင်းခရီးစဉ်ဆိုင်ရာ နောက်ဆုံးအခြေအနေအတွက် သတင်းအချက်အလက်များရစေရန် မိမိတို့၏ သက်ဆိုင်ရာလေကြောင်းလိုင်းများထံဆက်သွယ်မေးမြန်းရန်ပြောကြားထားသည်။
ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်သည့် အင်ဒီဂို သည် မြူများက အမ်ရစ်ဆာ၊ဗာရာဏသီနှင့် ဒေလီသို့ အသွားအပြန်ပျံသန်းမှုများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်းထုတ်ပြန်ခဲ့ပြီး ခရီးသည်များအနေဖြင့်လည်း လေဆိပ်သို့ မသွားရောက်မီ လေကြောင်းပျံသန်းမှု အခြေအနေကို စောင့်ကြည့်ရန်တိုက်တွန်းထားသည်။
Flightradar 24 ၏ ပြသချက်များအရ ဒေလီလေဆိပ်တွင် လေကြောင်းခရီးစဉ် ၃၀၀ ကျော် နှောင့်နှေးခဲ့ကြောင်းသိရပြီး ကြာသပတေးနေ့တွင် မြို့တော်၏လေထုအရည်အသွေးသည် ပိုမိုကျဆင်းလာကာ ပြင်းထန်သည့်အခြေအနေတွင် ဆက်လက်တည်ရှိနေသည်ဟုသိရသည်။
စက်မှုလုပ်ငန်းများနှင့် ယာဉ်အသွားအလာများက မြို့တွင်း လေထုညစ်ညမ်းမှုကို သိသိသာသာပိုဆိုးစေသည့်အပြင် များပြားလှသော ဆောက်လုပ်ရေးလုပ်ငန်းများကြောင့်လည်း လေထုညစ်ညမ်းမှုဖြစ်ပေါ်ရခြင်းဖြစ်သည်။
Source : ရှင်းဟွာ