မြန်မာပြည်၏ EV ကားဈေးကွက်အတွင်း Brand တစ်ခုဖြစ်သည့် JMEV ကားအမျိုးအစားသစ်ကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ EV ကားအမျိုးအစား မိတ်ဆက်ပွဲ နှင့် Launch Event ကို ယမန်နေ့ နိုဝင်ဘာ (၁၄) ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်း JMEV သည် ကမ္ဘာ့နာမည်ကြီး JMC ကား၏ နည်းပညာများနှင့် ပေါင်းစပ်ထားခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် EV3 နဲ့ EV Eazy တို့ကို စတင် တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ကျွန်တော်တို့ Product မိတ်ဆက်လုပ်တာတော့ JMEV ဆိုတဲ့ Brand ပါပဲ။ JMEV ဆိုတာတော့ လက်ရှိမြန်မာပြည်အတွက်တော့ မစိမ်းပါဘူး။ JMC ဆိုတာ အရင်ကတည်းက ICE ကားတွေ အများကြီးသွင်းခဲ့တဲ့ကားပါ။ လက်ရှိ JMEV ဆိုတာတော့ ပြင်သစ်ကုမ္ပဏီရဲ့နည်းပညာပေါင်းစပ်ထားတဲ့ JMC နဲ့ ပေါင်းစပ်ထားတဲ့ EV ပါ။ EV Product အသစ်ပါ။ ကျွန်တော်တို့ ရောက်တဲ့ကား stock ထွက်သမျှအကုန်လုံးကို ဘယ်ဟာမှ Keep မလုပ်ထားဘဲ အကုန်ရောင်းမှာပါ။အများ ပြည်သူသုံးစွဲနိုင်လောက်တဲ့ ထိုက်သင့်တဲ့ဈေးနဲ့ ရောင်းဖို့ပဲ ဒီ Product ကို Launch လုပ်တာပါ။ Pre Order လုံးဝမရော င်းပါဘူး။ ဘဏ်စနစ်နဲ့လည်း ရောင်းချပေးဖို့ရှိသလို Cash Only လည်းရှိပါတယ်”ဟု JMEV မှ မန်းနေးဂျင်းဒါရိုက်တာ ကိုကျော်စွာထွန်းမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ JMEV ကားအစီး (၃၀) ရောက်ရှိ နေပြီဖြစ်ပြီး (၁၈) စီးကို ပြသထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် EV လျှပ်စစ်သုံးယာဉ်နှင့် ဆ က်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကုမ္ပဏီ (၃၀) ကို ခွင့်ပြုပေးခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ (၅၁)ခုကို ထပ် မံခွင့်ပြုပေးလိုက်ခြင်းကြောင့် လက်ရှိတွင် ကုမ္ပဏီ (၈၁)ခု ရှိပြီဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံအတွင်းသို့ BYD၊ Toyota၊ Honda MG4၊ Nissan စသည့် EV ကား အမျိုးအစားများစွာ ဝင်ရောက်ထားကြောင်း၊ ကားအမျိုးအစားနှင့် မော်ဒယ်ပေါ်မူတည်ပြီး အနိမ့်ဆုံး ကျပ်သိန်း (၆၀၀) ကျော်မှ ကျပ်သိန်း (၂၀၀၀) ကျော်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။