မိမိတို့လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိသည်ဟု ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဥ်ပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌမှ H.E. Mr. Tsydenov Alekesei Sambuevich အား ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌမှ ဘူရားတီးရားပြည် နယ်သည် မိမိတို့နိုင်ငံနှင့်ထူးခြားသော ဆက်ဆံရေးရှိ၍ ယခု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး စဉ်လာရောက်လည်ပတ်မှုကိုကြိုဆိုဂုဏ်ပြု သည်ဟု နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့အတူ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌမှလည်း သာယာလှပသည့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်ခွင့်ရ၍ များစွာဂုဏ်ယူမိကာလာရောက်လည်ပတ်ချိန်တွင်မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများကိုများစွာခံစားမိပြီး မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့်ရင်းနှီးနွေးထွေးသောဆက်ဆံရေးရှိသည့် ခံစားမှုများကိုရရှိသည်ဟု ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့် H.E. Mr. Tsydenov Alekesei Sambuevich တို့သည် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်လျက်ရှိမှု၊ မြန် မာနိုင်ငံတွင် စပါး၊ ဆီထွက်သီးနှံနှင့် ပဲများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးလုပ် ငန်းများအတွက်လိုအပ်သည့် သဘာဝမြေဩဇာများထုတ်လုပ်နိုင်ရန် စက်ရုံများတည်ဆောက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးမှုတိုးတက်စေရေးပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ် တောထွက်ပစ္စည်းများဖြင့် သစ်ပါးလွှာနှင့်ပျော့ ဖတ်များထုတ်လုပ်နိုင်သည့်အခြေအနေ၊ ရာဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးမှုတိုးတက် ထုတ်လုပ်နိုင်ရေးနှင့် ကုန်ကြမ်းများကိုကုန်ချော အဖြစ်ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် နည်းပညာမြှင့်တင်မှုများပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေ၊ တွင်းထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် နည်းပ ညာပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ခရီး သွားကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေနှင့် နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းပျံသန်းမှုများတိုးချဲ့ဆောင်ရွက်ရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတော်သင်များစေလွှတ်ရေးနှင့် ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ကျန်းမာရေးကဏ္ဍဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်သည့်ကိစ္စ၊ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေး၊ မြန်မာနိုင်၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။