Saturday, November 16, 2024

တောင်ကြီးတွင် ရပ်ထားသည့် (၂၂) ဘီးယာဉ်အား...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် ရပ်ထားသည့် (၂၂) ဘီးကုန်တင်ယာဉ်အား (၆)ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တို-က်မိရာမှ ယာဉ်ပေါ်ပါသူများအနက် အမျိုးသမီး (၃) ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့...

ဆိုးလ်နှင့် ပေကျင်း ခိုင်မြဲသောဆက်ဆံရေးဖော်ဆောင်–ရှီကျင့်ဖျင်

လီမာ၊နိုဝင်ဘာ ၁၅ ဆိုးလ်နှင့် ပေကျင်းအကြား တည်ငြိမ်ကောင်းမွန်သည့်ဆက်ဆံရေးဖော်ဆောင်သင့်ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများလည်းလုပ်ဆောင်သင့်ကြောင်း သမ္မတရှီကပြောကြားခဲ့သည်။ ၃၁ ကြိမ်မြောက် အေပက် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး ပြင်ပ၌...

မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာ

နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းချိန်နှင့် အိန္ဒိယဝယ်လိုအား နည်းနေသည့်အတွက် မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံသည် အိန္ဒိယမှ အဓိကဝယ်ယူခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး...

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းရှိ...

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ စမုံတံတား ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်၍ နိုဝင်ဘာ (၁၈) ရက်နှင့် (၁၉) ရက်တွင်...
HomeNewsLocal Newsရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် “မြတ်ရောင်ခြည်”...

ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် “မြတ်ရောင်ခြည်” စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင်တည်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ နိုဝင်ဘာ ၁၅ ရက်ညပိုင်းကကျင်းပသော တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် “မြတ်ရောင်ခြည်”စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးပုံးပျံလွှတ်တင်မှုကို နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားနိုင်ငံမှ ခရီးစဉ်ရောက်ရှိနေသည့် ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌ နှင့်ကိုယ်စားလှယ်အဖွဲ့တို့က ကြည့်ရှုအားပေးခဲ့ကြသည်။

“မြတ်ရောင်ခြည်” စိန်နားပန်မီးပုံပျံ၏ကိုယ်ထည်တွင် ကနုတ်ပန်းခက်များ၊ ကြာပန်းခက်များ၊ ကြာပန်းခက်များ၏အပေါ်တွင် “မြတ်ရောင်ခြည် “စာသားအား အပြာရောင်ဖြင့်ရေးဆွဲထားပြီး မီးပုံပျံ၏အောက်ဆွဲတွင် ကြာပန်းပုံနှင့် “ဘူရားတီးရား”စာသားကို မီးပုံးရောင်စုံများဖြင့်ချိတ်ဆွဲလွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ နစက ဒု- ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများ ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Aleksei Sambuevich တို့တက်ရောက်၍ မီးပုံးပျံများကိုလွှတ်တင်ပူဇော်ကာ စိန်နားပန်မီးပုံးပျံလွှတ်တင်မှုနှင့်ညမီးကျည် (ညမီးကြီး)မီးပုံပျံများလွှတ်တင်ပူဇော်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုရရှိသူများကို နစကဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကြီးတွင် ရပ်ထားသည့် (၂၂) ဘီးယာဉ်အား (၆)ဘီးယာဉ်မှ ဝင်တို-က်မိပြီး အမျိုးသမီး (၃)ဦး အသက်ဆုံးရှုံး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် ရပ်ထားသည့် (၂၂) ဘီးကုန်တင်ယာဉ်အား (၆)ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တို-က်မိရာမှ ယာဉ်ပေါ်ပါသူများအနက် အမျိုးသမီး (၃) ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ ယနေ့ နိုဝင်ဘာ (၁၆)ရက်၊ နံနက် အစောပိုင်း (၄)နာရီ (၂၂)မိနစ်အချိန်ခန့်က ရွှေညောင်မြို့မှ တောင်ကြီးမြို့နယ် ပင်ဖြစ်ရွာသို့ မောင်းနှင်လာသော MITSUBISHI CANTER အမျိုးအစား(၆)ဘီးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်တွင် ရပ်ထားသော HINO(၂၂) ဘီး ကုန်တင်ယာဉ်အား ဝင်တို-က်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယာဉ်တို-က်မှုကို တောင်ကြီးနှင့် ရွှေညောင်တို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များဖြင့်...

ဆိုးလ်နှင့် ပေကျင်း ခိုင်မြဲသောဆက်ဆံရေးဖော်ဆောင်–ရှီကျင့်ဖျင်

လီမာ၊နိုဝင်ဘာ ၁၅ ဆိုးလ်နှင့် ပေကျင်းအကြား တည်ငြိမ်ကောင်းမွန်သည့်ဆက်ဆံရေးဖော်ဆောင်သင့်ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများလည်းလုပ်ဆောင်သင့်ကြောင်း သမ္မတရှီကပြောကြားခဲ့သည်။ ၃၁ ကြိမ်မြောက် အေပက် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး ပြင်ပ၌ တောင်ကိုးရီးယားသမ္မတ ယွန်းဆော့ယော်နှင့်တွေ့ဆုံရာတွင် သမ္မတရှီကျင့်ဖျင်ကယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ရှီက လွန်ခဲ့သည့်နှစ်နှစ်အတွင်း နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများတွင် အပြောင်းအလဲများစွာမြင်တွေ့ခဲ့ရပြီး နှစ်နိုင်ငံဆက်ဆံရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အခြေအနေ မည်မျှပြောင်းလဲစေကာမူ တရုတ်နှင့် တောင်ကိုရီးယားတို့သည် သံတမန်ဆက်ဆံရေး ထူထောင်ရသည့် မူရင်းရည်ရွယ်ချက်ကို မမေ့ဖျောက်သင့်ဘဲ အိမ်နီးချင်းကောင်းပီသစွာ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစွာလိုက်နာပြီး အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု...

မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာ

နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းချိန်နှင့် အိန္ဒိယဝယ်လိုအား နည်းနေသည့်အတွက် မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံသည် အိန္ဒိယမှ အဓိကဝယ်ယူခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး ဆက်တိုက်ပြန်ကျလာခြင်းကြောင့် ပို့ကုန် ပဲဈေးကွက်အပေါ် သက်ရောက်မှု ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်တွင် တစ်တန်လျှင် ကျပ် (၃၈) သိန်းကျော်တက်ခဲ့သည့် မတ်ပဲဈေးသည် နိုဝင်ဘာ (၁၃) ရက်တွင် တစ်တန်လျှင် ကျပ် (၃၅) သိန်း (၇) ‌သောင်းအထိ ပြန်ကျလာကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။ အလားတူ ပဲစင်းငုံဈေးသည်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071