မက်ဒရစ်ဒ်၊နိုဝင်ဘာ ၁၅
သောကြာနေ့အစောပိုင်းက စပိန်နိုင်ငံမြောက်ပိုင်းရှိ ဘိုးဘွားရိပ်သာတစ်ခုမီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးထက်မနည်း ေ-သဆုံးခဲ့ကာ နှစ်ဦးကို ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည်ဟုလည်းသိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန်နံနက် ၅ နာရီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားရသည့်အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟုလည်းသိရသည်။
အခင်းဖြစ်နေရာသို့ မီးသတ်သမားများ ရောက်ရှိငြှိမ်းသတ်ပေးခဲ့သော်လည်း လူ ၁၀ ဦးသည် မီးခိုးငွေ့မွှန်ပြီး အသက်ဆုံးရှုံးခဲ့ရသည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။ေ-သဆုံးသူများထဲတွင် ဘိုးဘွားများချည်းသာ ဟုတ်မဟုတ်နှင့် ဝန်ထမ်းများပါဝင်ခြင်းရှိမရှိကို အတည်မပြုရသေးကြောင်းလည်းအာဏာပိုင်များကပြောကြားခဲ့သည်။
အဆိုပါဘိုးဘွားရိပ်သာ၌ ဘိုးဘွားဦးရေ ၈၂ ဦးရှိပြီး မီးလောင်မှုဖြစ်ပွားချိန်တွင် ဝန်ထမ်းနှစ်ဦးရှိနေသဖြင့် မီးငြှိမ်းရန်အချိန်မီကြိုးစားသော်လည်း မအောင်မြင်ခဲ့ဘဲ အဆောက်အအုံကို လျင်မြန်စွာမီးကူးစက်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ