Saturday, November 16, 2024

ထရမ့်ပ်သမ္မတဖြစ်ပြီးမကြာခင်စစ်ပွဲအဆုံးသတ်လိမ့်မည်–ဇလန်းစကီး

၂၀၂၅ ခုနှစ်တွင် ဒေါ်နယ်ထရမ်ပ့် သမ္မတရာထူးတာဝန်ထမ်း‌ဆောင်လိုက်သည်နှင့် သူ့နိုင်ငံအပေါ် ရုရှားကဆင်နွှဲနေသော စစ်ပွဲသည် ဆောလျင်စွာ အဆုံးသတ်သွားလိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ...

တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်ရေး အရှိန်မြှင့်ဖို့...

လီမာ၊နိုဝင်ဘာ ၁၅ တရုတ်နှင့်ထိုင်းတို့သည် နှစ်နိုင်ငံမီးရထားလမ်း တည်ဆောက်မှုကို အရှိန်မြှင့်သင့်ပြီး စွမ်းအင်သစ်၊ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုကဲ့သို့သော ထွန်းသစ်စနယ်ပယ်များ၌ပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သင့်သည်ဟု တရုတ်သမ္မတကပြောကြားခဲ့သည်။ ၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ...

ထရမ့်ပ်အစိုးရသစ်မတက်မီ တောင်ကိုရီးယားနှင့်ဂျပန်ခေါင်းဆောင်များ ကို ဘိုင်ဒင်တွေ့

မဟာမိတ်များအပေါ် လွှမ်းမိုးလာနိုင်သူဟူသော စိုးရိမ်ချက်များစွာရှိနေသည့် ထရမ့်ပ်အစိုးရအသစ် မတက်မီတွင် ၎င်းတို့၏ သံတမန်ရေးတိုးတက်မှုကို ခိုင်မြဲစေရန် ကြိုးပမ်းမှုအဖြစ် အမေရိကသမ္မတ ဂျိုးဘိုင်ဒင်နှင့် တောင်ကိုရီးယား၊ ဂျပန်ခေါင်းဆောင်များ...

တောင်ကြီးတွင် ရပ်ထားသည့် (၂၂) ဘီးယာဉ်အား...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် ရပ်ထားသည့် (၂၂) ဘီးကုန်တင်ယာဉ်အား (၆)ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တို-က်မိရာမှ ယာဉ်ပေါ်ပါသူများအနက် အမျိုးသမီး (၃) ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့...
HomeInternationalတရုတ်နှင့်စင်္ကာတို့ ယခုလအတွင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

တရုတ်နှင့်စင်္ကာတို့ ယခုလအတွင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

ပေကျင်း၊နိုဝင်ဘာ ၁၅

တရုတ်နှင့်စင်္ကာပူတို့၏ နှစ်နိုင်ငံစစ်တပ်များသည် ယခုလနှောင်းပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဟိုင်နန်ပြည်နယ်၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အဆိုပါပြောရေးဆိုခွင့်ရှိသူက ယခုတစ်ကြိမ်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုသည်ပူးတွဲ မြို့ပြအကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်သည့်ပုံစံဖြင့်နှစ်စဉ်လေ့ကျင့်နေကျပုံစံအတိုင်း နှစ်ဖက်အစိုးရသဘောတူညီမှုဖြင့်လုပ်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် တပ်မတော်နှစ်ရပ်အကြား လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်စေကာ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးစစ်ဆင်ရေးများ၌ ၎င်းတို့၏စွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

စင်္ကာပူ – တရုတ် စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု စီမံချက်တစ်ခုဖြစ်ပြီး ယခုနှစ်လေ့ကျင့်မှုသည် ခြောက်ကြိမ်မြောက်လေ့ကျင့်ခြင်းဖြစ်သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်သမ္မတဖြစ်ပြီးမကြာခင်စစ်ပွဲအဆုံးသတ်လိမ့်မည်–ဇလန်းစကီး

၂၀၂၅ ခုနှစ်တွင် ဒေါ်နယ်ထရမ်ပ့် သမ္မတရာထူးတာဝန်ထမ်း‌ဆောင်လိုက်သည်နှင့် သူ့နိုင်ငံအပေါ် ရုရှားကဆင်နွှဲနေသော စစ်ပွဲသည် ဆောလျင်စွာ အဆုံးသတ်သွားလိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားလိုက်သည်။ “အခု အိမ်ဖြူတော်ကို ဦးဆောင်မယ့် အဖွဲ့ရဲ့ မူဝါဒတွေကြောင့် စစ်ပွဲက အဆောတလျင် ပြီးသွားမယ်ဆိုတာ သေချာပါတယ်။ ဒါက သူတို့ရဲ့ ချဉ်းကပ်မှု နည်းလမ်းနဲ့ သူတို့နိုင်ငံသားတွေအပေါ် ပေးထားတဲ့ ကတိကဝတ်ပါ” ဟု ယူကရိန်းမီဒီယာတစ်ခုဖြစ်သော Suspilne နှင့် အင်တာဗျူးတွင် မစ္စတာ ဇလန်စကီးက ပြောကြားခဲ့သည်။ “နေ့ရက်အတိအကျတော့...

တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်ရေး အရှိန်မြှင့်ဖို့ ရှီတောင်းဆို

လီမာ၊နိုဝင်ဘာ ၁၅ တရုတ်နှင့်ထိုင်းတို့သည် နှစ်နိုင်ငံမီးရထားလမ်း တည်ဆောက်မှုကို အရှိန်မြှင့်သင့်ပြီး စွမ်းအင်သစ်၊ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုကဲ့သို့သော ထွန်းသစ်စနယ်ပယ်များ၌ပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သင့်သည်ဟု တရုတ်သမ္မတကပြောကြားခဲ့သည်။ ၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး ပြင်ပတွင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့်တွေ့ဆုံစဉ် ၎င်းကယခုလိုပြောကြားခဲ့ခြင်း လည်းဖြစ်သည်။ တရုတ်နှင့်ထိုင်းတို့သည် ရင်းနှီးသည့်မိတ်ရင်းနိုင်ငံများဖြစ်ကြပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း နှစ်နိုင်ငံအသိုက်အဝန်းတည်ဆောက်ရေး၌ ထိုင်းနိုင်ငံခေါင်းဆောင်များနှင့် အရေးကြီးသောသဘောတူညီချက်ကို ရရှိခဲ့ကြောင်းလည်း ၎င်းကပြန်လည်ပြောကြားခဲ့သည်။ လာမည့်နှစ်သည် တရုတ်နှင့်ထိုင်းတို့၏ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်သည့်နှစ်ဖြစ်ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးရွှေနှစ်အဖြစ် တရုတ်-ထိုင်း နှစ်နိုင်ငံ၏အစဉ်အလာချစ်ကြည်ရင်းနှီးမှုကိုရှေးရှုပြီး...

ထရမ့်ပ်အစိုးရသစ်မတက်မီ တောင်ကိုရီးယားနှင့်ဂျပန်ခေါင်းဆောင်များ ကို ဘိုင်ဒင်တွေ့

မဟာမိတ်များအပေါ် လွှမ်းမိုးလာနိုင်သူဟူသော စိုးရိမ်ချက်များစွာရှိနေသည့် ထရမ့်ပ်အစိုးရအသစ် မတက်မီတွင် ၎င်းတို့၏ သံတမန်ရေးတိုးတက်မှုကို ခိုင်မြဲစေရန် ကြိုးပမ်းမှုအဖြစ် အမေရိကသမ္မတ ဂျိုးဘိုင်ဒင်နှင့် တောင်ကိုရီးယား၊ ဂျပန်ခေါင်းဆောင်များ သောကြာနေ့တွင် တွေ့ခဲ့ကြသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေနိုင်သည့် အခွန်စည်းကြပ်မှုများ တိုးမြှင့်မည်ဟူသော ကတိကဝတ်ကြောင့် ဇန်နဝါရီ ၂၀ ရက်တွင် ဒေါ်နယ်ထရမ့်ပ် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်တွင် ပေကျင်းနှင့် အမေရိကန်၏ ဆက်ဆံရေး၌ ထိပ်တိုက်တွေ့မှုများ ပိုမို ကြီးမားလာမည်ဟု မျှော်လင့်နေရချိန်တွင် ဝါရှင်တန်နှင့် ၎င်း၏ အရင်းနှီးဆုံး အာရှမဟာမိတ်နှစ်နိုင်ငံတို့တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထို့အတူ ယူကရိန်းနှင့် စစ်ပွဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071