ခတ္တမန္ဒူ၊နိုဝင်ဘာ ၁၅
နီပေါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လျှပ်စစ်တင်ပို့မှုကို နိုဝင်ဘာ ၁၅ ရက် သောကြောနေ့ကစတင်ခဲ့ပြီး အိန္ဒိယနိုင်ငံပြီးနောက် ပထမဆုံးအနေဖြင့် အခြားနိုင်ငံတစ်နိုင်ငံသို့ လျှပ်စစ်ဓါတ်အားတင်ပို့ခြင်းလည်းဖြစ်သည်။
ယခုအစီအစဉ်သည် အောက်တိုဘာလအစောပိုင်းက ခတ္တမန္ဒူတွင် လက်မှတ်ရေးထိုးခဲ့သော သုံးပွင့်ဆိုင်သဘောတူညီချက်အရ နီပေါသည် အိန္ဒိယမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ဓါတ်အားတင်ပို့ခြင်းလည်းဖြစ်သည်။
အဆိုပါသုံးနိုင်ငံသဘောတူညီချက်အရ နီပေါအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် ဘင်္ဂလားဒေ့ရှ်သို့ ဓါတ်အား တစ်ရက်သာရောင်းချနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် လာမည့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်တွင် ပြန်လည်စတင်ရောင်းချမည်ဖြစ်သည်ဟုလည်းသိရသည်။
အဘောတူညီချက်ပါအချက်အရ နီပေါသည် နှစ်စဉ် ဇွန်လ ၁၅ ရက်မှ နိုဝင်ဘာလ ၁၅ ရက်ကာလအထိ ငါးနှစ်တိတိတင်ပို့ရောင်းချပေးသွားမည်ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နှင့်ဆက်သွယ်ထားသည့် အိန္ဒိယ သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အားလိုင်း၏ အကန့်အသတ်ကြောင့် ၄၀ မဂ္ဂါဝပ်သာ ပေးပို့နိုင်သေးကာ သွယ်တန်းပေးပို့မှုများကို ပြန်လည်ပြင်ဆင်ပြီးချိန် လာမည့်ကာလများတွင်ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
နီပေါသည် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့်ကာလဖြစ်သည့် နိုဝင်ဘာလတွင်အဓိကထားကာ အိန္ဒိယသို့ လျှပ်စစ်ကိုတင်ပို့နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက စတင်တင်ပို့နေခြင်းလည်းဖြစ်သည်။
Source : ရှင်းဟွာ