တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ တရုတ်-အာဆီယံ စာအုပ်စျေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၆ရက်မှ ၁၉ထိ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ၄ရက်တာ ကျင်းပလျှက်ရှိသည်။
အဆိုပါ စာအုပ်ပွဲတော်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ ၁၆ ရက်နေ့ နံနက် က ပြပွဲခင်းကျင်းရာ B2 ခန်းမတွင် တရုတ်နှင့် အာဆီယံ ကိုယ်စားလှယ်များက အတူဖွင့်လှစ်ပေးခဲ့ရာ နန်နင်းရှိမြန်မာကောင်စစ်ဝန်ရုံးမှ သံမှူး ဒေါ်ခိုင်ငြိမ်းစုလည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
တရုတ် စာအုပ်များ ဘာသာပြန်ထုတ်ဝေရေးအတွက်” နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက် ထုတ်ဝေခြင်းဆိုင်ရာမူဘောင်”ကို နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ပါထည့်သွင်းကျင်းပခဲ့သည်။
စာအုပ်စာပေအနှစ်သာရဖြင့် ပြုစုပျိုးထောင်သောကွမ်ရှီး၊ယဉ်ကျေးမှုကိုပဲ့တင်ထပ်၍ပေါင်းစည်းပေးသောအာဆီယံ ရည်ရွယ်ချက်များဖြင့် ကျင်းပသည့်အဆိုပါ ပွဲတော်တွင် ထုတ်ဝေရေးစာအုပ်တိုက်ပေါင်းစုံ၊တက္ကသိုလ်စာအုပ်တိုက်များ၊ ပညာရေးဌာနအသီးသီး ၏ ပုံနှိပ်ထုတ်ဝေတိုက်များ၊ပညာရေးကဏ္ဍ ၏ ဒစ်ဂျစ်တယ်ထုတ်ဝေထားရှိမှု ပြခန်းများ၊ နယ်ပယ်အလိုက် ဆုရစာအုပ်မျိုးစုံ ပြခန်းများ၊ အာဆီယံနိုင်ငံများမှ ဘာသာပြန်ထုတ်ဝေထားရှိသည့် စာအုပ်များ၊နိုင်ငံတကာ နှင့်အာဆီယံမှ တင်သွင်းလာသည့် စာအုပ်ပြခန်းများ စသဖြင့် အမျိုးစုံအောင်ခင်းကျင်းပြသထားသည်။
ထို့အပြင် စာပေဟောပြောပွဲများ၊ လူငယ်ကြိုက် ဂိမ်း ကောင်တာများလည်း ပါဝင်သည်။