ပေကျင်း၊နိုဝင်ဘာ ၁၅
တောင်တရုတ်ပင်လယ်အရေးအငြင်းပွားမှုတွင် ဆွေးနွေးတိုင်ပင်သည့်နည်းလမ်းဖြင့် နည်းစနစ်ကျကျဖြေရှင်းဖို့ တရုတ်က ဖိလစ်ပိုင်အားတိုက်တွန်းလိုကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ဖိလစ်ပိုင်ဘက်သည် ရန်စသည့် အပြုအမူများနှင့် အပြောအဆိုများကို မပြုလုပ်သင့်ဘဲ ဖိလစ်ပိုင်အနေဖြင့် တစ်ဖက်သတ်ပြောဆိုနေခြင်းကိုရပ်တန့်ကာ အငြင်းပွားမှုများကို ပိုမိုရှုပ်ထွေးစေမည့်လုပ်ရပ်များကိုရှောင်ကြဉ်သင့်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သည် ပြည်ပနိုင်ငံများနှင့်ပူးပေါင်းကာ တောင်တရုတ်ပင်လယ်အတွင်း၌ စစ်ရေးလေ့ကျင့်မှုကို မကြာခဏပြုလုပ်လေ့ရှိပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အနှောင့်အယှက်ပေးကာ ဒေသတွင်းပြည်သူများ၏ အကျိုးစီးပွားကိုလည်းထိခိုက်စေခဲ့ကြောင်းလည်း၎င်းကပြောသည်။
တရုတ်စစ်တပ်အနေဖြင့်မူ နိုင်ငံ၏ပိုင်နက်နယ်မြေအချုပ်အခြာအာဏာနှင့် ရေပိုင်နက်ဆိုင်ရာအခွင့်အရေးများ၊အကျိုးစီးပွားများကိုကာကွယ်ရန်၊ပိုင်နက်ချိုးဖောက်မှုများနှင့်ရန်စမှုများ ရှိလာပါကတုန့်ပြန်ရန်တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုကာကွယ်ရန် ခိုင်မာပြတ်သားသည့်အစီအမံများကို လုပ်ဆောင်သွားမည်ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ